Donau က Poliana ကို သတင်းပို့ဖို့ ငြင်းဆန်ကာ တိတ်ဆိတ်နေသည်.
"..."
"Donau, ဘာတွေဖြစ်ခဲ့တာလဲဆိုတာ ငါ့ကိုပြောပြ"
"..."
"မင်းမှတ်ဉာဏ်တွေပြန်ရအောင်လို့ ငါမင်းကို နည်းနည်းလောက်ကန်ပေးရမလား?"
"ကျွန်တော် ဘာမှပြောစရာမရှိပါဘူး"
Donau အသံက နောင်တရနေပုံမပေါ်ပေ. သူက တောင်းပန်စကားမပြောပဲ သူမကို ဘာမှ ပြောစရာမရှိဘူးလို့သာ ပြောခဲ့သည်. Poliana က စိတ်ရှုပ်လာသည်. သူဘာဖြစ်နေတာလဲ? ဘာတွေဖြစ်ခဲ့တာလဲဆိုတာကို ဘာလို့ သူမကို မပြောပြချင်ရတာလဲ?
"Donau မင်းဘာလို့ အဲ့လိုလုပ်ခဲ့တာလဲ?"
"..."
"မင်းငါ့အစားဒေါသထွက်ပေးတဲ့အတွက် ငါကျေးဇူးတင်ပေမဲ့ ဒီအခြေအနေကို မင်းဖြေရှင်းတဲ့ပုံကတော့ မှားနေတယ်. မင်း လူကြီးလူကောင်းတစ်ယောက်က ဘယ်လိုပြုမူရလဲဆိုတာကို သိတယ်မလား? မင်း သူ့ကို ဘာလို့ လက်အိတ်ပစ်မပေးလိုက်တာလဲ?"
"ကျွန်တော်. ဒီအတိုင်း ဒေါသထွက်မိသွားလို့"
"ငါစော်ကားပြောဆိုခံရတာက ပထမဆုံးအကြိမ်မှ မဟုတ်တာပဲ"
"အစ်မ အခုလိုစော်ကားပြောဆိုခံနေရတာကို ဘာလို့ အဆင်ပြေတယ်လို့ ထင်နေတာလဲ?!"
Donau က သူမကို ဒေါသတကြီး အော်ဟစ်လာသည်. Polianaက အံ့ဩသွားတာကြောင့် သူမရဲ့ မျက်လုံးတွေက ပြူးကျယ်လာသည်. Donau က ဆက်ပြောလာသည်."စော်ကားပြောဆိုခံနေရတာကို အစ်မပျော်နေတာလား? ဟမ်. ဟုတ်လား? ဝိုး.. အဲ့တာ အရမ်းကောင်းလို့လား ဟမ်?! အစ်မ ကိုယ့်ကိုကိုယ်ဂုဏ်ယူနေတာလား, ဟမ်? အစ်မကို မကောင်းပြောနေတာကို အစ်မ သဘောကျနေတာလား?"
"Donau, လူတွေက ဘယ်လိုလဲဆိုတာ မင်းလဲသိသားပဲ. အတင်းပြောခံရတာက ငါတို့အတွက် ဖြစ်နေကြပဲ. လူတွေက တစ်ခါတစ်လေဆို အရှင့်ကိုတောင် အတင်းတုပ်ကြတာလေ. ငါ တော်ဝင်ကိုယ်ရံတော် ခေါင်းဆောင်ဖြစ်လာပြီးတဲ့နောက်တော့ သူတို့က ငါနဲ့ပတ်သက်ပြီး မကောင်းပြောဖို့ အခွင့်အရေး ပိုရသွားတယ် ဒီလောက်ပဲ. အဲ့လိုပြောတာက ဘာမှမဖြစ်ဘူး မင်းသဘောပေါက်လား?"
YOU ARE READING
Emperor and the Knightness (Unicode) Book - 1
RomanceRead Complete Novel in English at https://wuxiaworld.site/novel/the-emperor-and-the-knightess/ and ongoing Manga at https://zinmanga.com/manga/emperor-and-the-female-knight-the-king-and-his-knight/