Lady Stra နဲ့ Lady Tory တို့က Poliana ကို ပြန်ပြောလိုက်သည်.
"အဲ့လိုမပြောပါနဲ့ Marquess Winter, ကျွန်မတို့ လုံခြုံရေးအတွက် ရှင်ဘယ်လောက် ကြိုးစားလုပ်ခဲ့လဲ ဆိုတာကို ကျွန်မတို့ သိပါတယ်. ကျွန်မတို့က ရှင့်ကြောင့်သာ လုံခြုံနေတယ်လို့ ခံစားရတာ"
Lady Stra က Poliana ရဲ့လက်ကို ကိုင်ကာ ထပ်ပြောလိုက်သည်.
"ဟိုတလောက ရှင် ကျွန်မကို ကယ်ခဲ့သေးတယ်လေ မှတ်မိလား? ရှင်သာ မရှိခဲ့ရင် ကျွန်မ အခုသေနေလောက်ပြီ"
သူတို့ရဲ့ ကြင်နာမှုတွေက Poliana ကို ပိုပြီးတော့ ဆိုးရွားသွားစေခဲ့သည်. သူမက ရှက်လွန်းလို့ သတ်သေမိတော့မလိုတောင် ဖြစ်သွားသည်. သူမ ဒေါသထွက်တိုင်း စိတ်ရှုပ်လာတိုင်း သစ်ပင်တွေ, ပရိဘောဂတွေကို ကန်နေကြဖြစ်ပေမဲ့ အခုတော့ သူမကသာ အပြစ်ပေးခံသင့်တဲ့လူဖြစ်နေတယ်လို့ ခံစားနေရသည်.
သူမက လူနာဖြစ်နေပေမဲ့ သူမဆီကို လာကြည့်တဲ့သူ သိပ်မရှိပေ. သူမရဲ့အပြုအမူတွေက ဆိုးရွားနေတယ် ဆိုတာကို လူတွေက သိကုန်လို့လား? သူမဆီကို အကြိမ်အနည်းငယ်လာခဲ့တဲ့ Lady Bika ကလွဲရင် တခြားဘယ်သူကမှ သူမဆီကို မလာခဲ့ပေ.
Poliana က ဒီလိုစိတ်ခံစားချက်တွေကနေ ရုန်းထွက်ဖို့လိုနေသည်. သူမသွားတွေကို ကျိတ်လိုက်ကာ ဒီပြဿနာတွေကို ဖြေရှင်းဖို့ နည်းလမ်းကို စဉ်းစားနေသည်. သူမကိုယ်သူမ ရိုက်နှက်တာက မိုက်မဲတဲ့ အကြံအစည်သာဖြစ်ကြောင်း သူမ သိနေသည်. တတ်နိုင်သလောက် အမြန်နေကောင်းအောင်လုပ်တာက အကောင်းဆုံးနည်းလမ်းဖြစ်သည်.နံရိုးတွေက အလွယ်တကူကျိုးနိုင်တဲ့ အရိုးတွေဖြစ်သည်. ကံကောင်းစွာနဲ့ နံရိုးကျိုးတာကြောင့် ရေရှည်ဘေးထွက်ဆိုးကျိုးတွေ အများကြီး မရှိပေမဲ့ နံရိုးကျိုးတာ ပြန်ဆက်ဖို့ကတော့ အချိန်ကြာသည်. သူမရဲ့ သမားတော်တွေက နောက်ထပ် နှစ်လ အိပ်ယာထဲမှာ နေဖို့ အကြံပေးခဲ့ပေမဲ့ Poliana ကတော့ တစ်လတည်းသာနေပြီး အိပ်ယာထဲကနေ ထွက်လာခဲ့သည်.
သူမဒဏ်ရာတွေက နာကျင်နေသေးပေမဲ့လဲ သူမ ခံနိုင်ရည်ရှိသည်. သူမရာသီလာနေချိန်တုန်းကလို နာကျင်မှုမျိုးမဟုတ်ပဲ နံရိုးကျိုးတဲ့နာကျင်မှုက စူးနင့်တာကြောင့် သူမကို ပိုပြီး သတိအပြည့်ရှိနေစေသည်. သူမက စစ်မြေပြင်ကို ပြန်ရောက်သွားသလို ခံစားလိုက်ရပြီးတော့ သူမက စစ်သည်ဖြစ်တယ်ဆိုတာကို သတိပေးနေသလိုဖြစ်နေသည်.
YOU ARE READING
Emperor and the Knightness (Unicode) Book - 1
RomanceRead Complete Novel in English at https://wuxiaworld.site/novel/the-emperor-and-the-knightess/ and ongoing Manga at https://zinmanga.com/manga/emperor-and-the-female-knight-the-king-and-his-knight/