အခန်း ၇၂

353 73 6
                                    

Poliana က Sir Rabi နဲ့ Sir Baufallo တို့ ဘာတွေပြောနေကြတာလဲဆိုတာကို သိချင်တာကြောင့် တဲတံခါးနားလေးမှာ ရပ်နေလိုက်သည်. သူမက သူတို့ကို လျှို့ဝှက်ထောက်လှမ်းနေပြီးတော့ Sir Rabi က သူ့သမီးတွေရဲ့ပုံတူကို Sir Baufallo ကို ပြနေတာတွေ့လိုက်ရသည်.

Sir Baufallo က သူ့ခေါင်းကိုရမ်းလိုက်ပြီး.

"ငါတို့ကြားက ကွာဟချက်တွေက များလွန်းတယ် Sir Rabi မင်းတို့မိသားစုက Acreian မှာ သက်တမ်းအရှည်ဆုံးဖြစ်တယ်. ငါတို့မိသားစုက သာမန်စစ်သည်မိသားစုလေ"

"လုပ်စမ်းပါကွာ. ဒီစစ်ပွဲပြီးသွားရင် မင်းရော မင်းသားတွေရော မင်းတို့ရဲ့အလုပ်ကြိုးစားမှုနဲ့ အနစ်နာခံမှုအတွက် ချီးမြှောက်ခံရမှာ. ငါသိပါတယ်!"


'ဘုရားရေ!'

Poliana က မအော်မိအောင်လို့ သူမပါးစပ်တွေကို လက်နဲ့ကာလိုက်သည်. သူမအာရုံတွေအားလုံးက စစ်သည်နှစ်ယောက်ရဲ့ စကားဝိုင်းမှာပဲ ရှိနေသည်. သူမက အသက်ရှူရပ်သလိုဖြစ်ကာ သူမနှလုံးက စိတ်လှုပ်ရှားစွာနဲ့ လျင်မြန်စွာ ခုန်ပေါက်လာသည်

'ဘုရားရေ, ဘုရားရေ....'

Sir Rabi က ဆက်ပြောနေသည်

"သူတို့က အသက်တူတူလောက်ပဲ, ပြီးတော့ Sir Howe နဲ့ Sir Donau တို့က အရမ်းတော်တဲ့ လူငယ်လေးတွေဆိုတာ ငါသိပါတယ်"

"ငါ့သားတွေကို ဒီလိုအကောင်းမြင်ပေးတာ ကျေးဇူးပါ Sir Rabi"

Bika မိသားစုက Ribo မိသားစုထက် ပိုပြီးတော့ ချမ်းသာကြွယ်ဝကာ အာဏာပိုရှိသည်. Sir Baufallo က အရင်ဧကရာဇ်ရဲ့ အသိအမှတ်ပြုခံရတာတင် တော်တော်လေးကံကောင်းနေပြီဖြစ်သည် ဒါပေမဲ့ သူ့မိသားစုက နိုင်ငံရေးအရရော ငွေကြေးအရပါ လောဘမကြီးခဲ့ပေ


ဒီမိသားစုနှစ်ခုကြားမှာ ကွာဟချက်ကြီးမားနေပေမဲ့ အနာဂါတ်မှာ ဒီမိသားစုတွေကြားလက်ထပ်ပွဲဖြစ်လာဖို့ ရှိနေကြသည်. လက်ထပ်ပွဲက နှစ်ပွဲတောင်!

Sir Rabi မှာ သမီးနှစ်ယောက်ရှိပြီး Sir Baufallo မှာလဲ သားနှစ်ယောက်ရှိသည်. Sir Rabi က သူတို့သီးသန့်နေရာရှာကာ စကားပြောသင့်ကြောင်း အကြံပေးလိုက်သည် လူနှစ်ယောက် ထွက်သွားတဲ့အခါမှာတော့ Poliana က ဘေးပတ်လည်ကို တစ်ချက်ကြည့်လိုက်သည်

Emperor and the Knightness (Unicode) Book - 1Where stories live. Discover now