ပထမဆုံး, Polian က အိမ်ပြန်ကာ အဝတ်အစားလဲလိုက်သည်. သူမရဲ့ အပြာရောင်ဝတ်စုံက လူသတိထားမိလောက်ပြီး ရဲတိုက်ထဲမှာ သူမအတွက် အဝတ်ပိုတွေ မရှိပေ. သူမက တခြားကိုယ်ရံတော်တွေဆီကနေ အင်္ကျီငှားလို့ရလောက်ပေမဲ့ သူမက သူများဘောင်းဘီကိုတော့ မဝတ်ချင်ပေ.
မနေ့ညက စားသောက်ဆိုင်ကို သွားတာဖြစ်လို့ ဘောင်းဘီဝတ်တာအဆင်ပြေပေမဲ့ မြို့ပြင်ဘက်ကို သွားဖို့အတွက်ဆိုရင်... လူတွေက သူမအကြောင်းကို ပြောလာကြလိမ့်မည်. သူမဘောင်းဘီဝတ်ထားလို့ လူတွေ အကြည့်ရပ်သွားစေတာက သူမရဲ့ဝတ်စုံဝတ်ထားမှဖြစ်ပေမဲ့ သူမရဲ့ အပြာရောင်ဝတ်စုံကို ဝတ်လိုက်ပြန်ရင်လဲ လူတွေက သူမကို မှတ်မိသွားနိုင်သည်.
သူမက ဒီတိုင်းပြည်ရဲ့ တစ်ဦးတည်းသော အမျိုးသမီးစစ်သည်ဖြစ်သည်. သူမနာမည်ကို စာလုံးကြီးကြီး ထိုးထားတဲ့ ရင်ထိုးဝတ်ကာ အပြာရောင်ဝတ်စုံဝတ်ထားတဲ့ ဆံပင်တိုတိုနဲ့ အမျိုးသမီးက မြို့ထဲလျှောက်သွားနေသည်. သူမက Marquess Winter ဖြစ်တယ်ဆိုတာကို လူတိုင်းသိသွားနိုင်သည်.
Poliana က နာမည်ကြီးတဲ့သူဖြစ်ပြီး လူတိုင်းမဟုတ်ပေမဲ့ သူမကို လူသိများသည်. Lucius ရဲ့ နယ်မြေသိမ်းတိုက်ပွဲအကြောင်းက အခုထိလူပြောများနေဆဲအကြောင်းအရာဖြစ်ပြီး Poliana ကလဲ ဒီပုံပြင်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်နေသည်. ဧကရာဇ်ကို မြှောက်ပင့်ထားတဲ့ သီချင်းတွေနဲ့ Poliana ရဲ့ ပုံပြင်တွေက အလွန်ရေပန်းစားခဲ့သည်. အသက်ကြီးကြီးလူတွေနဲ့ အထက်တန်းလွှာတွေက သူမအကြောင်းကို မကြားချင်ကြပေမဲ့ လူငယ်တွေ အထူးသဖြင့် ကလေးငယ်တွေနဲ့ အမျိုးသမီးငယ်လေးတွေကတော့ သူမအကြောင်း ပုံပြင်တွေကို နှစ်သက်သဘောကျကြသည်.
သူမက အလွယ်တကူမှတ်မိနိုင်တဲ့သူဖြစ်ပြီး ဒီနေ့မှာတော့ Poliana က လူမသိပဲနေချင်သည်. ဒါကြောင့် သူမအိမ်ကို အရင်သွားလိုက်သည်.
သူမအိမ်ကိုရောက်တော့ ကိုယ်ရံတော်ဝတ်စုံကို ချွတ်ကာ ရိုးရိုးရှင်းရှင်းဂါဝန်တစ်ထည်ကို ဝတ်ဆင်လိုက်သည်. သူမမှာ ဂါဝန်တွေ အများကြီးမရှိပေမဲ့ လိုရမယ်ရ အနည်းငယ်တော့ ဝယ်ထားခဲ့သည်. သူမခေါင်းမှာ လက်ကိုင်ပုဝါကို ပတ်လိုက်သည်.
![](https://img.wattpad.com/cover/244578906-288-k218273.jpg)
YOU ARE READING
Emperor and the Knightness (Unicode) Book - 1
RomanceRead Complete Novel in English at https://wuxiaworld.site/novel/the-emperor-and-the-knightess/ and ongoing Manga at https://zinmanga.com/manga/emperor-and-the-female-knight-the-king-and-his-knight/