အခန်း ၁၈၈

198 26 0
                                    

ခရီးသွားအဖွဲ့ဟာ Yapa ကနေထွက်ခွာလာပြီး Nanaba ဆီသို့ ဦးတည်သွားနေသည်. အမျိုးသမီးတွေ, ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေက လှည်းနဲ့ လိုက်ပါကြပြီး တခြားသူတွေကတော့ မြင်းစီးကာ ဒါမှမဟုတ် လမ်းလျှောက်ကာ လိုက်ပါလာကြသည်. Poliana ကတော့ မြင်းစီးပြီး လိုက်ပါလာတဲ့ တစ်ဦးတည်းသော အမျိုးသမီးဖြစ်သည်. သူမက လိုရမယ်ရအဆင်သင့်အနေနဲ့ ချိန်းဝတ်စုံကို သူမရဲ့ ဝတ်စုံအောက်မှာ ခံဝတ်ထားခဲ့သည်. သူမက ဓါးရှည်နဲ့ လေးမြှားတွေကိုပါ ယူဆောင်လာခဲ့သည်. ပြီးတော့ သူမရဲ့ခေါင်းဆောင်းကိုလဲ ယူလာခဲ့သည်.

ခေါင်းဆောင်းက သူမရဲ့ မပါမဖြစ် ပစ္စည်းတစ်ခုဖြစ်သည်.

ခရီးသွားအဖွဲ့က နှေးကွေးစွာနဲ့ ရွေ့လျားနေသည်. သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေ ပါဝင်နေတာကြောင့် ခရီးမတွင်ပေ. စစ်သည်တစ်ချို့က စိတ်မရှည်ဖြစ်လာပြီးတော့ ခရီးသွားနှုန်း နှေးကွေးနေတာကြောင့် မကျေမနပ်ဖြစ်နေကြသည်. Poliana က သူတို့ပြောတာကို ကြားလိုက်တော့ သူတို့ခေါင်းကို ရိုက်ချလိုက်ကာ ပြောလိုက်သည်.

"မင်းတို့ ရူးနေလား! အဲ့လူတွေက ငါတို့လို စစ်သားတွေမဟုတ်ဘူးဟ!"

"ဒါပေမဲ့ Marquess! ကျွန်တော်တို့ စစ်ပြီးတော့ Nanaba ကို ပြန်တဲ့ခရီးကို မှတ်မိလား? ကျွန်တော်တို့ ခရီးမြန်မြန်သွားနိုင်တဲ့အပြင် ခရီးသွားရင်းနဲ့ လမ်းတွေတောင်ဖောက်ခဲ့သေးတယ်လေ!"

Poliana က သူတို့ကို အော်ပြောလိုက်သည်.

"ဪ! မင်းတို့က အခုလမ်းထပ်ဖောက်ချင်တယ်လို့ ပြောနေတာလား?"

"မဟုတ်ဘူး! မဟုတ်ပါဘူး Marquess! ကျွန်တော်တို့ စကားပြောမှားသွားတာပါ!"

"မင်းတို့ လမ်းဖောက်ချင်တယ်ဆိုရင်တော့ လမ်းသစ်ဖောက်နေတဲ့နေရာတွေကို ပို့ပေးမယ်. ငါတို့ တိုင်းပြည့်အနှံ့မှာ လမ်းသစ်တွေကို နေ့ရောညပါ ဖောက်နေတာဆို‌တော့ မင်းတို့ ငါ့ကို ပြောလိုက်ရုံပဲ. ငါမင်းတို့ကို အဲ့နေရာတွေကို သေချာပေါက်ပို့ပေးမယ်!"

"မဟုတ်ပါဘူး Marquess! ကျွန်တော်တို့ အဲ့လိုပြောချင်တာမဟုတ်ပါဘူး. ကျွန်တော်တို့မှားပြောမိတာပါ!"

Emperor and the Knightness (Unicode) Book - 1Where stories live. Discover now