အခန်း ၂၁

523 85 0
                                    

ဧကရာဇ်ထွက်ခွာသွားတဲ့အချိန်မှာ Poliana က မတ်တပ်ရပ်လိုက်ပြီးတော့ တောဝက်ကို စစ်ဆေးကြည့်လိုက်တယ်. အဲ့တာက အရမ်းလေးတော့ သူမဘယ်လို့မှရွှေ့လို့မရဘူးဖြစ်နေတယ်

"သေစမ်း"

ဒီတိရစ္ဆာန်ကို သယ်ဖို့ ဒီလူတွေကို အကူအညီတောင်းလိုက်ရင် သူမကို ဘာပြောမလဲဆိုတာ သူမသိနေသည်.

ဒီလောက်ကြီးမားတဲ့တောရိုင်းကောင်ကို ဘယ်ယောက်ျားလေးမှ တစ်ယောက်တည်း မမနိုင်ဘူးဆိုတာ သိသာနေချိန်မှာ သူတို့က သူမက မိန်းကလေးဖြစ်နေလို့ မကိုင်တွယ်နိုင်တာလို့ ပြောကြလိမ့်မည်

စိတ်ဆိုးစွာနဲ့ပဲ Poliana က သစ်ပင်ကို ထပ်ပြီးတော့ နှိပ်စက်တော့တယ်. သစ်ရွက်တွေနဲ့ သစ်ကိုင်းအသေးတွေက မြေကြီးပေါ်ကို ပြုတ်ကျလာတော့တယ်

ဧကရာဇ်ဆီက မမျှော်လင့်ထားတဲ့ လက်ဆောင်ကြောင့် Sir Baufallo က စိတ်ရှုပ်သွားတယ်. သူက ဧကရာဇ်က သူ့ဆန္ဒကို ဆန့်ကျင်ပြီးတော့ အမဲလိုက်ထွက်သွားလို့မဟုတ်ဘူး. အဲ့တာက ဧကရာဇ်က အမဲလိုက်တာကို သူ့ကို မခေါ်သွားလို့ဖြစ်သည်

ဘာပဲပြောပြော အသားကို တွေ့တော့ စစ်သားတွေက စိတ်လှုပ်ရှားလာကြသည် အမျိုးသားအများစုက
အမဲလိုက်မုဆိုးတွေဖြစ်တာကြောင့် တောဝက်ရိုင်းကို ဘယ်လိုချက်တာအကောင်းဆုံးဖြစ်မလဲဆိုတာ စတင်ငြင်းခုံလာကြပြီး နောက်ဆုံးမှာတော့ Sir Baufallo က ဝင်ပြောရတော့သည်

"ဒါက အရှင်က ငါ့ကို လက်ဆောင်ပေးတာဖြစ်လို့, အဲ့တာနဲ့ပတ်သက်ပြီးတော့ ဘာလုပ်ရမလဲဆိုတာ ငါပဲဆုံးဖြတ်မယ်"

အရေခွံ,သွား နဲ့အရိုးတွေကတော့ နောက်ပိုင်းအသုံးပြုနိုင်အောင်လို့ သိုလှောင်ခန်းထဲပို့မှာ သေချာသည်. အဲ့တာဆို အသားတွေကို ဘာလုပ်ကြမလဲ?

"အသားတုံးပြီးတော့ မီးနဲ့ချက်မယ်လေ!"

"မဟုတ်သေးဘူး. ငါတို့ပေါင်းစားရမှာ!"

"မဟုတ်ဘူး. ငါတို့ ကင်စားရမှာ!"

"မဟုတ်သေးဘူး.. မီးခိုးကျပ်တိုက်လုပ်ရင်ရော!"

"မဟုတ်ဘူး.. ငါတို့ အသားပြားတွေလုပ်ပြီးတော့ တခြားတပ်ခွဲတွေ မနာလိုဖြစ်အောင်လုပ်ရမယ်!"

Emperor and the Knightness (Unicode) Book - 1Where stories live. Discover now