အခန်း ၁၇၃

202 29 0
                                    

ကျေးဇူးတင်ဖို့ကောင်းစွာနဲ့ပဲ Sir Ainno က သူမကို မိနစ်အနည်းငယ်လောက် စူးစိုက်ကြည့်ပြီးတဲ့နောက် စကားတစ်ခွန်းမှမပြောပဲ ထွက်သွားလေသည်.

"ဟူးးးး"

စိတ်သက်သာရာရစွာနဲ့ Cekel က သက်ပြင်းအရှည်ကြီးချလိုက်သည်. အဲ့လူက ဘာဖြစ်နေတာလဲ?

တပ်ဖွဲ့အားလုံးထဲက လက်မထပ်ရသေးတဲ့အမျိုးသားအနည်းငယ်ထဲမှာ ပါဝင်နေတဲ့ Sir Ainno က တခြားကိုယ်ရံတော်တွေရဲ့ အိမ်တွေကို အချိန်အနီးကပ်မှ အကြောင်းကြားကာ သွားလည်တတ်ပြီးတော့ သူနဲ့အတူ သောက်စားဖို့ တောင်းဆိုတတ်သည်.  သူက စိတ်ပျက်စရာကောင်းပေမဲ့ သူ့ရဲ့အဆင့်အတန်းကြောင့် ဘယ်သူကမှ သူ့ကို မငြင်းဆန်ရဲကြပေ.

Cekel က Poliana နဲ့ မတူညီပေ. Marquess တစ်ယောက်ဖြစ်တဲ့ Poliana လိုမဟုတ်ပဲ Cekel က အကူအပျိုကြီးသာဖြစ်သည်. Poliana က ကောလဟာလတွေကြားကနေ ရှင်သန်လွတ်မြောက်နိုင်ပေမဲ့ Cekel နဲ့ Sir Ainno ကြားမှာ ကောလဟာလတွေထွက်လာခဲ့ရင်တော့ သူမ ရှင်သန်လွတ်မြောက်နိုင်မှာ မဟုတ်ဘူးဆိုတာကို Cekel သိနေခဲ့သည်. အမှီအခိုကင်းမဲ့စွာနဲ့ လွတ်လပ်စွာရပ်တည်နေတဲ့ သူမရဲ့အပျိုကြီးဘဝကလဲ အဆုံးသတ်သွားမှာဖြစ်သည်.

သူမ လက်မထပ်နိုင်တာက သူမ မိသားစုအတွက် အရှက်ရစရာတစ်ခုဖြစ်နေခဲ့ပေမဲ့ ယောက်ျားတစ်ယောက်ကြောင့်နဲ့တော့ သူမ မိသားစုကို အရှက်ရအောင် မလုပ်ချင်ပေ. သူမရဲ့ အစ်ကိုတွေနဲ့ မောင်က စစ်ထဲလိုက်ပါကာ မိသားစုနာမည်ကို တိုးတက်အောင်ပြုလုပ်ခဲ့တာကြောင့် သူမအနေနဲ့ သူတို့ရဲ့ ပင်ပန်းမှုတွေကို ထိခိုက်အောင် မလုပ်သင့်ပေ.

Cekel က မောင်းမဆောင်ကနေထွက်လာကာ ပင်မရဲတိုက်ဘက်ကို သွားလိုက်သည်. မောင်းမဆောင်က အကူတစ်ယောက်က လွတ်လပ်စွာလျှောက်သွားနေပေမဲ့ သူမရဲ့ အစ်ကိုတွေနဲ့ မောင်က ပင်မရဲတိုက်မှာ အလုပ်လုပ်နေတာကြောင့် သူမကို ဘယ်သူကမှ မတားဆီးကြပေ. သူမက သူမရဲ့ အစ်ကိုတွေနဲ့ မောင်ဆီကို အလည်သွားတာလို့ပဲ လူတိုင်းက ယူဆထားကြသည်.

သူမရဲ့ မောင် Sir Deke ကို ရှာဖို့က မခဲယဉ်းပေ. Sir Deke က ဧကရာဇ်ရဲ့ အမိန့်နဲ့ Nanaba ကနေ ပြန်ရောက်လာတာဖြစ်သည်. သူမရဲ့မောင်က အနားတောင်မယူနိုင်ပဲနဲ့ အလုပ်ကြိုးစားနေတာ တွေ့လိုက်ရတော့ သူမက စိတ်ပူသွားကာ မေးလိုက်သည်.

Emperor and the Knightness (Unicode) Book - 1Where stories live. Discover now