အခန်း ၁၃၉

280 35 2
                                    

Poliana က လုံးဝမလှဘူးဆိုတာကို လူတိုင်းက ဝန်ခံထားပြီး သူမကိုယ်တိုင်ကလဲ တခြားသူတွေထက် ပိုသိသည်. ဒါကြောင့် တစ်ယောက်ယောက်က သူမရဲ့ အသွင်အပြင်နဲ့ ပတ်သက်ပြီး ချီးမွှမ်းလာတိုင်း Poliana က ဟာသ ဒါမှမဟုတ် စော်ကားပြောဆိုတယ်လို့ပဲ သတ်မှတ်သည်.

ပထမဆုံး သူမလုပ်လိုက်တာက Frau ရဲ့အမြင်အာရုံက ကောင်းရဲ့လားဆိုပြီး စစ်ဆေးကြည့်လိုက်တာ ဖြစ်သည်. သူက ကန်းနေတာ ဒါမှမဟုတ် အမြင်အာရုံပျက်စီးနေတာမဟုတ်ရင်တော့ သူမအပေါ် အခွင့်ကောင်းယူဖို့ ကြိုးစားနေတဲ့ ကြောက်စရာကောင်းတဲ့ လူလိမ်တစ်ယောက်ပဲဖြစ်ရမည်. ပြီးတော့ သူမက ကောလဟာတွေလိုမဟုတ်ပဲ ပိုကြည့်ကောင်းတယ်လို့ Frau က ပြောခဲ့သည်. သူမနဲ့ပတ်သက်ပြီး သတင်းတွေအများကြီးရှိကာ တစ်ချို့ကတော့ သူမက မကောင်းဆိုးဝါးနဲ့ တူတယ်ဆိုပြီးတော့ ပြောထားကြသည်. တကယ်လို့ သူက သူမကို မကောင်းဆိုးဝါးနဲ့ မတူတာကြောင့် ဒီမကောင်းတဲ့သတင်း တွေထက် သူမက အများကြီး ကြည့်ကောင်းတယ်လို့ ဆိုလိုတာဆိုရင်တော့ သူလိမ်နေတာမဟုတ်ဘူးလို့ Poliana က ယူဆရမည်

Poliana က ဒီလူရဲ့ အမူအရာကို လေ့လာလိုက်သည်. သူက ကြင်နာတတ်တဲ့အရိပ်အရောင်ရှိနေတာကို သူ့မျက်နှာမှာ မြင်နေရသေးတာကြောင့် သူမစိတ်က အနည်းငယ်တည်ငြိမ်သွားသည်.


Frau ရဲ့ စကားတွေကို စော်ကားပြောဆိုတာပဲလို့ Poliana က ယူဆလိုက်မှာစိုးတာကြောင့် Baron Redikal က ရှင်းပြလာသည်.

"Marquess Winter, ဒီလူငယ်လေးက လိမ်ညာပြီးပြောနေတာမဟုတ်သလို အကြောင်းမဲ့ မြှောက်ပင့် ပြောနေတာလဲ မဟုတ်ပါဘူး. သူက မင်းရဲ့အောင်မြင်မှုတွေနဲ့ ပတ်သက်ပြီးတော့ ပြောနေတာကို ငါ အများကြီး ကြားဖူးတယ်. တစ်နေ့နေ့မှာ မင်းကို တွေ့ခွင့်ရဖို့ ဆန္ဒရှိနေတာကိုလဲ ငါ့ကို ခဏခဏ ပြောဖူးတယ်"

နာမည်ကြီးတဲ့ စစ်သည်တွေကို သူတို့ရဲ့ ပရိတ်သတ်တွေက တွေ့ချင်တတ်ကြတာက ဖြစ်နေကြဖြစ်သည်. မာနကြီးတဲ့လူလို့ မထင်ရအောင်လို့ Poliana က ခေါင်းငြိမ့်ကာ ပြန်ဖြေလိုက်သည်.

"ဟမ်.. ကောင်းပြီ. နောက်တစ်ခါ မင်းစကားမပြောခင်မှာသာ သေချာ စဉ်းစားပြီးမှပြော"

Emperor and the Knightness (Unicode) Book - 1Where stories live. Discover now