အခန်း ၆၅

355 68 0
                                    

သူတို့တွေ Koemong မြစ်မှာ ပိတ်မိနေတုန်းက Poliana က အဖြေရှာတွေ့ခဲ့တာဖြစ်ကာ အောင်မြင်မှုရစေခဲ့သည်. ကံကောင်းတာလဲပါတာဖြစ်ပေမဲ့ သူမအကြံကအရေးပါခဲ့သည်

တဲထဲမှာရှိတဲ့ စစ်သည်တွေက ဘာပြောရမှန်းမသိကာ ငြိမ်နေကြသည်. နောက်ဆုံးမှာတော့ Sir Ainno က ထပြောလာသည်

"အရှင်. ကျွန်တော် ရန်သူ့စစ်စခန်းကိုဝင်စီးမယ်"

"ကိုယ့်ကိုကိုယ်သတ်သေတာက ငါရှာနေတဲ့အဖြေမဟုတ်ဘူး"

Sir Ainno က ဉာဏ်တုံးတဲ့သူမဟုတ်ပေမဲ့ တစ်ခါတစ်လေမှာတော့ သူက ထူးဆန်းတာတွေ ပြောတတ်သည်. Lucius နဲ့ တခြားစစ်သည်တွေက သူ့ကို လစ်လျှူရှုလိုက်ပေမဲ့ သူက လက်မလျော့သေးချေ


"အရှင်. ကျွန်တော်နဲ့ Sir Bentier ရန်သူ့စစ်စခန်းထဲဝင်စီးပြီးတော့ သူတို့ခေါင်းဆောင်ကို ခေါင်းဖြတ်လိုက်ရင် ဒီကိစ္စကပြီးပြီ"

"အခု မင်းက မင်းနဲ့အတူ Sir Bentier ကိုပါ သတ်သေခိုင်းနေတာလား, Inno?"

Lucius က စိတ်ရှုပ်လာပြီးတော့ ထပ်ပြောလိုက်သည်

"မင်းမဟုတ်တာတွေထပ်ပြောမယ်ဆိုရင် မင်းကို ငါကန်ထုတ်တော့မယ်"

Sir Bentier က Sir Ainno ကို ကြည့်ကာ ပြောလိုက်သည်.

"အရှင်.."

လူတိုင်းက သူ့ဘက်ကို လှည့်လာကြတော့ သူကဆက်ပြောလိုက်သည်.

"ကျွန်တော်တို့က Msmel သစ်တောနဲ့ပတ်သက်ပြီးဘာမှမသိဘူး. ကျွန်တော်တို့ လေ့လာဖို့လိုမယ်"

"အဲ့တာ အန္တရာယ်များတယ်လို့ မင်းမထင်ဘူးလား?"

Acreian တွေက ဒီသစ်တောကို လေ့လာဖို့ တစ်ယောက်မှ မသွားဖူးသေးချေ. သူတို့သိသမျှက Bikpa ကလူတွေပြောခဲ့တာဖြစ်သည်. သူတို့တွေက သစ်တောထဲမသွားဖို့ ပြင်းထန်စွာ သတိပေးခဲ့သည်


ဒီသစ်တောနဲ့ပတ်သတ်ပြီး စိတ်ပူစရာသတင်းတွေက အများကြီးရှိသည်. သစ်ခုတ်သမားတစ်ယောက်က လုံးဝပျောက်ဆုံးသွားတယ်လို့ တစ်ချို့ကပြောကြသည်. သူ့ပုဆိန်ကိုပဲ ရှာတွေ့ခဲ့ကြသည် Oz ပြည်သူတစ်ယောက်က ပျောက်သွားပြီး ၆ လ အကြာမှာ Mongsheim မှာ သေဆုံးနေတာတွေ့ခဲ့ကြသည်. သူ့အလောင်းက ကြောက်စရာကောင်းတဲ့ပုံစံအဖြစ် ကျန်ခဲ့သည်

Emperor and the Knightness (Unicode) Book - 1Where stories live. Discover now