တောင်ပိုင်းဒေသမှာတော့ ကြီးမားတဲ့ မြစ်တစ်စင်းရှိလေသည်. အဲ့မြစ်ကို Gora ကို ခေါ်ကြတယ် "ဘဝ"လို့ အဓိပ္ပါယ်ရသည်. နာမည်နဲ့လိုက်ဖက်စွာပဲ Gora မြစ်က တောင်ပိုင်းဒေသတစ်ခုလုံးရဲ့ အသက်သွေးကြောဖြစ်သည် အလယ်ပိုင်းဒေသက လူတွေက သစ်နဲ့ တောရိုင်းတိရစ္ဆာန်တွေအတွက် Msmel သစ်တောကို မှီခိုနေကြသလိုပဲ တောင်ပိုင်းဒေသကလူတွေက Gora မြစ်ကို မှီခိုနေကြသည်
Gora မြစ်က သောက်သုံးရေနဲ့ ငါးလုပ်ငန်းရဲ့ အရင်းအမြစ်ဖြစ်သည်. မြစ်ကိုဖြတ်ဖို့အတွက် လှေပေါင်းများစွာကို အသုံးပြုကြသည်. အမျိုးသမီးတွေ မြစ်ကမ်းဘေးမှာ အဝတ်လျှော်ပြီး ကလေးငယ်တွေက ရေကူးကြသည်. ကလေးငယ်တွေကို Gora မြစ်ရေနဲ့ ကောင်းချီးပေးသန့်စင်ကြပြီး လူသေတွေကိုတော့ ပင်လယ်ထဲမှာ မြုပ်နှံကြသည်
Gora မြစ်က သမုဒ္ဒရာလိုပဲ ကြီးမားကျယ်ပြန့်သည်. Acreian စစ်သားတွေကတော့ မြစ်ကို မြင်လိုက်တော့ လန့်သွားကြသည်. သူတို့က Koemong မြစ်က ကြီးလှပြီ ထင်ခဲ့ပေမဲ့ Gora မြစ်နဲ့ယှဉ်ရင်တော့ အဲ့တာက ဘာမှမဟုတ်ပေ. သူတို့တွေက ဒီမြစ်အကြောင်းကို စာအုပ်တွေထဲမှာ ဖတ်ခဲ့ဖူးပြီး လက်တွေ့မြင်လိုက်တော့ သူတို့က ဒီမြစ်ရဲ့ အရွယ်အစားနဲ့ လှပမှုကို အထင်သေးခဲ့မိမှန်း သိလိုက်ရသည် သူ့ရဲ့အရွယ်အစားနဲ့ အတိမ်အနက်ကို ဖော်ပြဖို့ စကားလုံးမရှိချေ...Sir Donau က ညည်းညူလိုက်သည်.
"အဲ့တာဆို ဒီမှာ တံတားတစ်စင်းမှ မရှိဘူးပေါ့"
Poliana က မြစ်ကို ကြည့်နေရင်း ခေါင်းငြိမ့်ပြလိုက်သည်. သူတို့ဖတ်ခဲ့ဖူးတဲ့ စာအုပ်တွေထဲမှာတော့ Gora မြစ်မှာ တံတားတွေအများကြီးရှိတယ်လို့ ဖော်ပြခဲ့ကြပေမဲ့ အခုတော့ တစ်ခုမှ မရှိပေ.. အဲ့အစား လှေငယ်ပေါင်းများစွာက ရေပေါ်မှာတန်းစီပေါ်နေကာ တံတားလိုပုံစံဖြစ်နေသည်. လူတွေက ဒီလှေတွေပေါ်ကနေ တံတားကူးနေသလိုမျိုး ဖြတ်သန်းသွားလာနေကြသည်. ရေပြင်က ငြိမ်သက်နေသည်.
Acreian စစ်တပ်အတွက် ထိတ်လန့်စရာက မြစ်ရေရဲ့ မကောင်းတဲ့အနံ့အသက်, စိုစွတ်မှုနဲ့ ပိုးမွှားကောင်တွေဖြစ်သည်. သူတို့က နွေရာသီရောက်နေပြီဆိုတာကို ရုတ်တရက် သတိပြုမိလိုက်သည်. ပြီးတော့ တောင်ပိုင်းဒေသက ပူအိုက်စွတ်စိုတဲ့ရာသီဥတုရှိသည်.
YOU ARE READING
Emperor and the Knightness (Unicode) Book - 1
RomantikRead Complete Novel in English at https://wuxiaworld.site/novel/the-emperor-and-the-knightess/ and ongoing Manga at https://zinmanga.com/manga/emperor-and-the-female-knight-the-king-and-his-knight/