အခန်း ၆

633 114 0
                                    

Poliana ရဲ့စစ်စခန်းက Acreian စစ်သားတွေလို့ထင်ရတဲ့ လူတွေရဲ့ ဝန်းရံခြင်းကို ခံလိုက်ရတယ် တစ်ချို့ Aehas စစ်သားတွေကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်

စစ်တပ်က တပ်စုတစ်စုရဲ့ အရွယ်အစား စစ်သည်အရေအတွက်က တိုက်ပွဲအတွင်းမှာဆိုရင် သူ့ရဲ့စွမ်းဆောင်ရည်နဲ့ညီမျှတယ်.

အလယ်အလတ်တန်းတပ်စုတစ်စုက သေးငယ်တဲ့တပ်စုထက် အင်အားကြီးတယ်

တပ်မတစ်ခုလုံးကတော့ တခြားနှစ်ခုထက် ပိုအင်အားကြီးတယ်. စစ်လက်နက်အပြည့်တပ်ဆင်ထားတဲ့ အလယ်အလတ်တန်းတပ်စုက တပ်မတစ်ခုလိုပဲ အင်အားကြီးပေမဲ့ လူအင်အားချင်းတော့ ယှဉ်လို့မရဘူး

သူမတို့စခန်း ရုတ်တရက်တိုက်ခိုက်ခံလိုက်ရပြီဆိုတာကိုလဲ သိလဲသိရော သူမက သူ့လက်အောက်ငယ်သားတွေကို ချက်ချင်းနောက်ဆုတ်ဖို့ အမိန့်ပေးလိုက်တယ်

သူမက အရင်တုန်းကလဲ ဒီလိုမျိုး လုပ်ဖူးတယ်.. သူမတို့တိုက်ခိုက်ခံရတော့မယ်ဆိုတာ ခံစားမိတာနဲ့ သူမက သူမကိုယ်တိုင်နဲ့ သူမလူတွေကို ကယ်တင်ဖို့ လျင်မြန်စွာ လုပ်ဆောင်လေ့ရှိတယ်

သူမရဲ့ လျင်မြန်တဲ့ဆုံးဖြတ်ချက်ကြောင့် သူမကိုယ်တိုင်အပါအဝင် တပ်သား ၂၀ လောက်က ထွက်ပြေးလွတ်မြောက်သွားတယ်

ဒီ ၆ နှစ်အတွင်းမှာ သူမရဲ့ စစ်ရေးနည်းဗျူဟာတွေကြောင့် Poliana နဲ့ သူမရဲ့တပ်သားတွေက အကြိမ်များစွာ အသက်ရှင်ခဲ့ကြတယ်.

ဒါပေမဲ့ ဒီတစ်ခါတော့ သူမ မျှော်လင့်သလို အဆုံးသတ်မှာ မဖြစ်နိုင်ဘူး

သူမရဲ့ ရန်သူတွေက များလွန်းတယ် ပြီးတော့ သူမတို့ကို လာကယ်တင်ဖို့ တပ်ကူလဲ မရှိဘူး

Poliana သံသယရှိတာက Aehas ရဲ့ တခြားတပ်စခန်းတွေကလဲ သိမ်းပိုက်ခံလိုက်ရပြီဆိုတာပါပဲ

Kukda ရဲ့ စစ်စခန်းတွေတောင်မှ သိမ်းပိုက်ခံလိုက်ရနိုင်တယ်

"ဟ.. ငါပြောသားပဲ"

ကြည့်ရတာတော့ Aehas နဲ့ Kukda နိုင်ငံနှစ်ခုလုံးရဲ့ ရှည်လျားတဲ့ စစ်ပွဲတွေကြောင့် စစ်အင်အားနည်းလာတာကို Acreia က အမျှော်အမြင်ရှိစွာ စောင့်ဆိုင်းနေတာဖြစ်နိုင်သည်

Emperor and the Knightness (Unicode) Book - 1Where stories live. Discover now