အခန်း ၁၂၁

311 43 0
                                    

Lucius က စိတ်ရှုပ်လာသည်. ဒီနယ်မြေတွေက သူပိုင်တာလေ. အကြီးအကဲတွေပိုင်တာမှ မဟုတ်တာ. ဒီအရာတွေအားလုံးကို ဧကရာဇ်က ပိုင်ဆိုင်တာကြောင့် ဒီပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်ပြီးတော့ ဧကရာဇ်မှာ ဆုံးဖြတ်ပိုင်ခွင့်အပြည့်ရှိသည်. ဘယ်သူမှ သူ့ကို ဘာလုပ်ရမလဲဆိုတာ ပြောစရာမလိုပေ. အကြီးအကဲတွေက စစ်ပွဲတစ်လျှောက် ဘာမှမကူညီခဲ့ပဲ အခုကျတော့ သူ့ကို ဘာလုပ်ရမလဲဆိုတာ လာပြောနေကြသည်.

တကယ်လို့ နယ်မြေသိမ်းတိုက်ပွဲနဲ့ပတ်သက်ပြီးတော့ အကြီးအကဲ‌တွေက သဘောတူခဲ့ပြီး ထောက်ပံ့ပေးခဲ့ရင်တော့ သူတို့ကလဲ တခြားသူတွေလိုပဲ ဆုတွေချီးမြှင့်ခံရမှာဖြစ်သည်.

Lucius က Poliana က အသည်းနင့်အောင်ချစ်နေပေမဲ့ သူ့ကိုယ်ရေးကိုယ်တာခံစားချက်တွေမထည့်ပဲ သူမရသင့်ရထိုက်တာကိုပဲ ဧကရာဇ်က စဉ်းစားဆုံးဖြတ်ကာ ဆုချီးမြှင့်တာဖြစ်သည်. ဧကရာဇ်က အကြီးအကဲတွေကို ကြည့်လိုက်သည်. သူတို့က ဘာမှ မရလိုက်တာကျနေတာပဲ. ဥပမာအနေနဲ့ Sir Bentier ဆိုရင် ဆုတွေအများကြီးချီးမြှင့်ခံရတာကြောင့် Marquis Seeze ကလဲ ဆုတွေရမှာ သေချာသည်. အကြီးအကဲတွေက နစ်နာသူလိုလိုပုံစံဖမ်းကာ ကလေးဆန်စွာပြုမူနေတာကြောင့် Lucius က အကြီးအကဲတွေကို မုန်းတီးနေသည်.

'အထက်တန်းလွှာတွေရဲ့ ဘွဲ့တွေနဲ့ ရာထူးတွေကို ပြန်လည်စုစည်းဖို့လုပ်မယ်ဆိုရင် ဒီလူတွေ ဘယ်လောက်တောင် ရူးသွားကြမလဲပဲ'


ဒါက ဧကရာဇ်ပြောမဲ့ နောက်ထပ်အကြောင်းအရာတစ်ခုဖြစ်သည်. Lucius က Acreian စစ်တပ်ကို အောင်မြင်စွာ ပြန်လည်ဖွဲ့စည်းထားပြီးဖြစ်သည်. သူက အထက်တန်းလွှာတွေနဲ့ ပတ်သက်ပြီးတော့လဲ တူညီတဲ့ဖြစ်စဉ်မျိုးလုပ်မှာ ဖြစ်ပေမဲ့ အခုထိတော့ တစ်ဝက်ပဲ ပြီးမြှောက်သေးသည်.


Acreian တော်ဝင်မျိုးနွယ်ကနေ တိုက်ရိုက်ထိန်းချုပ်ခွင့်ရှိနေတာက ဧကရာဇ်သိမ်းပိုက်ထားတဲ့ နယ်မြေအသစ်တွေကိုသာဖြစ်သည်. Acreia ကိုတော့ Lucius ကိုယ်တိုင်တောင် အပြည့်အဝ အမိန့်ပေးလို့မရပေ. ဒါက Acreian အထက်တန်းလွှာတွေနဲ့ အတူတူပဲဖြစ်သည်.

Acreian အထက်တန်းလွှာဖွဲ့စည်းပုံမှာ ၅ ခုရှိသည်.

Duke, Marquis, Count, Viscount နဲ့ Baron.

Emperor and the Knightness (Unicode) Book - 1Where stories live. Discover now