အခန်း ၈၇

386 55 20
                                    

သူတို့ဧကရာဇ်ရဲ့ စကားကိုကြားလိုက်တော့ Sir Ainno နဲ့ Poliana တို့ရဲ့ မျက်လုံးတွေက ပြူးကျယ်လာသည်. ဒီဟာက Sir Ainno ရဲ့ သံသယတွေကို အတည်ပြုပေးလိုက်သလိုဖြစ်သွာသည်.
Lucius နဲ့ပတ်သက်ပြီး တစ်ခုခုတော့ သေချာပေါက်ဖြစ်နေပြီ. Poliana က သူမဧကရာဇ်က တခြားယောက်ျားလေးတစ်ယောက်နဲ့ ပြောစရာရှိလို့ဖြစ်တယ်လို့ပဲ ရိုးရှင်းစွာ တွေးလိုက်သည်.


'အရှင်က တစ်ခုခုညစ်ပတ်တာမျိုးပြောချင်လို့ထင်တယ်...'

Lucius ရော SiAr inno ကပါ အထက်တန်းလွှာက သခင်လေးတွေဖြစ်သည်. သူတို့ဘာတွေပဲပြောပြော Poliana ကြားဖူးတာတွေ ဖြစ်ခဲ့ဖူးတာတွေလောက်တော့ မဆိုးနိုင်ပေ. ဒါပေမဲ့ သူမက အဲ့တာကို ထောက်ပြလိုက်ရင် ဒီလူနှစ်ယောက်က ငြင်းဆန်ကာ မကောင်းတဲ့စိတ်ရှိတဲ့အမျိုးသမီးလို့ ကြည့်လာနိုင်သည်. Poliana က နေဖို့ တောင်းဆိုလိုက်ရင် Lucius ကို အရှက်ရသွားစေနိုင်တာကို သိလိုက်တာကြောင့် သူမက ထွက်သွားဖို့ ဆုံးဖြတ်လိုက်သည်.

"အဲ့တာဆိုလဲ. ကျွန်မ တခြားစစ်သည်တွေနဲ့ပဲ သွားသောက်လိုက်တော့မယ် အရှင် ကောင်းမွန်တဲ့ညချမ်းလေးပိုင်ဆိုင်နိုင်ပါစေ"

"ခဏ, Sir Pol, မင်းအများကြီးမသောက်မိစေနဲ့နော်. တကယ်တော့ မင်းလုံးဝမသောက်သင့်တာ.. ဒီညတော့ ဒီအတိုင်းပဲ သွားအိပ်လိုက်တော့"

"ရှင်?"

Poliana ရဲ့ မျက်လုံးတွေက ကျယ်လာတော့ ဧကရာဇ်က ရှင်းပြလာသည်.

"မင်းမကြာခဏဆိုသလို သောက်ဖြစ်နေတယ်လို့ ငါထင်တယ်. Sir Pol. ငါတို့ဆီမှာ အရမ်းကောင်းတဲ့ ရေချိုးကန်တွေရှိနေတာကို မင်းမအိပ်ခင် ရေစိမ်ကြည့်ပါလား. မင်းက ဒီရဲတိုက်ရဲ့ပိုင်ရှင် ဖြစ်လာတော့မှာဆိုတော့ ဒီနေရာနဲ့ ပတ်သက်ပြီးတော့ မင်းလေ့လာထားသင့်တယ်လေ"

အဲ့တာက Lucius အနေနဲ့ သူမကျန်းမာရေးအတွက် တကယ်ဂရုစိုက်ပေးတဲ့လေသံ ပေါက်နေသည်. Poliana က ခေါင်းငြိမ့်ကာ သဘောတူလိုက်သည်. သူမက ဝိုင်ပုလင်းနဲ့ မုန့်တွေထားခဲ့ကာ အခန်းထဲက ထွက်သွားခဲ့သည်.

ဧကရာဇ်က စိတ်သက်ရာရစွာနဲ့ သက်ပြင်းချလိုက်သည်.

ဒီညအတွက်တော့ သူက သူမ တခြားလူတွေနဲ့ အရက်သောက်ပြီးအချိန်ဖြုန်းမှာကို တားလိုက်နိင်သည်.

Emperor and the Knightness (Unicode) Book - 1Where stories live. Discover now