အခန်း ၁၆၇

219 29 0
                                    

Poliana က တွေဝေသွားကာ စဉ်းစားလိုက်သည်.

'Frau က ငါ့ဆီကနေ အလုပ်တစ်ခုလိုချင်နေတာလား? ကြည့်ရတာ သူကောင်းကောင်းနေလို့ရအောင်လို့ ငါ့ရဲ့ မိသားစုသမားတော်ဖြစ်ချင်နေတာနဲ့တူတယ်'

Poliana ကတော့ ဒီအကြံအစည်ကို သဘောကျသည်. သူမမှာ ပိုက်ဆံတွေအများကြီးရှိနေပြီး အချိန်မရွေး ခေါ်လို့ရနေတဲ့ မိသားစုသမားတော်တစ်ယောက်ရှိနေတာက အရမ်းအဆင်ပြေနိုင်သည် Frau က အရည်အချင်းရှိတဲ့ သမားတော်တစ်ယောက်ဆိုတာကို သူမ သိနေပြီး သူက အပြုအမူကောင်းတွေ ရှိနေတာကြောင့် ဒါက အလုပ်ဖြစ်နိုင်မယ်လို့ သူမ တွေးလိုက်သည်.

Frau က သူမကို ညစာစားဖို့ ထပ်မေးလာတော့ Poliana က ငြင်းဆန်လိုက်သည်.

"ဒီနေ့လဲ ငါချိန်းထားတာရှိနေတယ်"

"အို.. ကောင်းပါပြီ..."

သူ့ရဲ့အားလျော့ပြီး ဝမ်းနည်းသွားတဲ့ပုံစံကို ကြည့်ကာ သူမ အပြစ်ရှိသလို ခံစားလိုက်ရသည်. သူက ဘာလို့ ယောက်ျားတစ်ယောက်လို သန်သန်မာမာမရှိရတာလဲ? သူက ဘာလို့ သူ့ကိုယ်သူ ယုံကြည်မှုမရှိရတာလဲ? သူမက သူ့ကို ရိုက်ပစ်မယ်လို့များ ထင်နေတာလား? တကယ်လို့ သူက သူမရဲ့ကိုယ်ရံတော်တွေထဲက တစ်ယောက်ဆိုရင်တော့ သူ့ရဲ့အားမရှိတဲ့ပုံစံကြောင့် သူ့ကို ကန်ကောင်း ကန်မိလိမ့်မည်.

Poliana က သက်ပြင်းချကာ Frau ကို ပြောလိုက်သည်.

"ဒါပေမဲ့ ငါ နောက်တစ်ပတ်ထဲဆိုအားပြီ..... ဆိုတော့ ငါတို့ အဲ့ကျရင် ညစာစားလို့ရနိုင်တယ်. မင်းအဆင်ပြေလား?"

သူမ ဘယ်အချိန်အားမလဲလို့ သူက ဘာလို့ တိုက်ရိုက်မမေးရဲရတာလဲ?

Poliana က ဒီစကားတွေပြောလိုက်တော့ Frau က ဒီကမ္ဘာက အကောင်းဆုံးလက်ဆောင်ကို ရလိုက်သလိုမျိုး တောက်ပစွာနဲ့ ပြုံးလာသည်. Poliana က သူ့ဆီက မြင်နေကျ ကြင်နာတတ်တဲ့ အပြုံးမျိုးကို သဘောကျသည်. သူမရဲ့စကားတိုင်းကို သူတုန့်ပြန်တဲ့ပုံစံကို ကြည့်ရတာက ထူးတော့ ထူးဆန်းနေသေးသည်.

အဲ့နေ့ညမှာ Sir Bentier နဲ့ ညစာစားတော့ မိသားစုသမားတော်အတွက် ဘယ်လောက်ပေးသင့်လဲဆိုတာကို သူမ မေးခဲ့လိုက်သည်

Emperor and the Knightness (Unicode) Book - 1Where stories live. Discover now