အခန်း ၁၉

521 88 1
                                    

စစ်သားအများစုက မထိန်းချုပ်နိုင်တော့ပဲ အန်ထုတ်လိုက်ကြပြီး တစ်ချို့ကျတော့ သူတို့ပါးစပ်တွေကို ရေနဲ့ဆေးလိုက်ကြသည်

စိတ်လှုပ်ရှားစွာနဲ့ စောင့်ကြည့်နေကြတဲ့ စစ်သားတွေက လန့်သွားကြတယ်

"အဆိပ်ခတ်ထားလို့လား?"

"ဒါမှမဟုတ် အစာအဆိပ်သင့်တာလား?"

"ဒါပေမဲ့ ဟင်းချက်စရာတွေက ပုတ်နေတာမှမဟုတ်တာ! အကုန်လတ်ဆတ်နေတာတွေကို!"

"ပြီးတော့ အဆိပ်ခတ်တာ မဖြစ်နိုင်ဘူး. ငါတို့ သူမဟင်းချက်နေတာကို တစ်ချိန်လုံးကြည့်နေတာ!"

"အဲ့တာဆို. အဲ့တာက ချီး လိုပဲလား?!"

Sir Baufallo က မြည်းပြီးတာနဲ့ အန်ထုတ်လိုက်တဲ့ စစ်သည်တွေထဲက တစ်ယောက်ဖြစ်သည် သူ့လက်တွေက တုန်ယင်နေပြီးတော့ မေးလာတယ်

"မင်း တမင်လုပ်တာလား?"

"မဟုတ်ပါဘူး Sir!"

သူမက ဘာမှဆိုးရွားတာ မခံစားမိဘူး. တုန်လှုပ်နေရင်းနဲ့ပဲ Poliana က သူမဟင်းကို မြည်းကြည့်လိုက်တယ်. လူတိုင်းက သူမမြိုချလိုက်တာကို ဝိုင်းကြည့်နေကြသည်

သူမမျက်လုံးတွေက ကျယ်လာတယ်. သူမက ဘေးပတ်လည်ကို ကြည့်ပြီးတော့ ပြောလိုက်တယ်

"ဒါက စားလို့ရသားပဲ"

"ဘာ?"

Sir Baufallo က နောက်တစ်ဇွန်းထပ်မြည်းလိုက်ပြီးတော့ ချက်ချင်းအန်ထုတ်လိုက်တယ်. တွေဝေနေသလိုနဲ့ Poliana က သူ့ကို ပြောလိုက်တယ်

"Sir ဒီထဲမှာ စားလို့မရတဲ့ ပိုးကောင်တွေ, အမှိုက်တွေ, အသားပုတ်တွေ, အလောင်းတွေ ပြီးတော့ မြေကြီးတွေ မပါဘူး. အဲ့တာကြောင့် စားလို့ရတယ်. မသေနိုင်ပါဘူး"

"ဒါပေမဲ့ ဟင်းတစ်ခွက်က စားလို့ရရုံနဲ့ မပြီးဘူးလေ"

အရသာရှိတဲ့ဟင်းလျာတွေက သူလူ့တွေရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်သည်.. အာဟာရပြည့်ဝတဲ့အစားအသောက်က ထောက်ပံ့ရေးပစ္စည်းတွေလိုပဲ အရေးပါသည်

ဟင်းမြည်းပြီးသွားတဲ့ စစ်သည်တွေက အလန့်တကြားထွက်သွားကြချိန်မှာ ဟင်းကို မြည်းဖို့ကျန်ခဲ့တဲ့ စစ်သားတွေကတော့ ဒေါသထွက်နေကြတယ်

Emperor and the Knightness (Unicode) Book - 1Where stories live. Discover now