သူချစ်တဲ့အမျိုးသမီးကို လွတ်လပ်ခွင့်ပေးလိုက်တာက အမှန်ကန်ဆုံးလုပ်ရပ်ဖြစ်တယ်ဆိုတာကို Lucius သိနေခဲ့သည်.
' "တကယ်လို့ တစ်ယောက်ယောက်ကို သင်ချစ်နေရင်, မင်း သူမကို လွတ်လပ်ခွင့် ပေးသင့်တယ်",ဟုတ်တယ်မလား?'
ဒီလိုစဉ်းစားမိတာက လတ်တလောဖြစ်ရပ်ပြီးမှ စဉ်းစားမိတာဖြစ်သည်. ကိုယ်ဝန်အတုလက္ခဏာကို Stra တွေ့ကြုံပြီးတဲ့နောက်ပိုင်းမှာ Poliana ကို မေ့ပစ်ဖို့ ဧကရာဇ်က ဆုံးဖြတ်ခဲ့သည်. သူက လက်ထပ်ပြီးသား ဖြစ်တဲ့အပြင် ကလေးအဖေလဲ ဖြစ်လာတော့မှာ ဖြစ်သည်. သူက Poliana ကို လက်လွှတ်ပေးရမှာ ဖြစ်သည်. သူ့ရဲ့အချစ်စစ်ကို လက်လျော့လိုက်ရတော့မှာ ဖြစ်သည်. ဒါက အဖြစ်သင့်ဆုံးဆိုတာကို သံသယဖြစ်စရာမလိုအပ်ပေ.
ဒါပေမဲ့ ဘယ်အရာက မှန်ကန်တဲ့အရာလဲဆိုတာကို သူသိနေခဲ့တာတောင်မှ သူက အဲ့လိုမလုပ်နိုင်ပေ. သူ့ဦးနှောက်ရဲ့ ခိုင်းစေချက်ကို သူ့နှလုံးသားက ငြင်းဆန်ခဲ့သည်.
ပထမတော့, သူမကို မကြာခဏမတွေ့ပဲနေရင် သူ့အနေနဲ့ သူမကို မေ့သွားနိုင်မယ်လို့ သူထင်ခဲ့သည်. ကံမကောင်းစွာနဲ့ပဲ, ရက်အနည်းငယ်ကြာပြီးတဲ့နောက်မှာတင် သူက သူမကို ပိုပြီး သတိရ လွမ်းဆွတ် လာတာကြောင့် သူထင်တာက မှားသွားခဲ့သည်. 'Poliana နဲ့ သူ့ဇနီးတွေက ဘယ်လိုအဆင်ပြေနေတယ်' ဆိုတဲ့ သတင်းတွေကြားတိုင်း သူက အပြစ်ရှိသလို ခံစားနေရသည်. Poliana ရဲ့နာမည်ကို ကြားလိုက်ရရုံနဲ့တင် သူ့နှလုံးသားက ခုန်ပေါက်လာသည်.
သူ့အနေနဲ့ လုပ်ဖို့ လိုတာက သူမကို ချစ်နေတာ ရပ်လိုက်ဖို့ပဲ ဖြစ်သည်. တကယ်လို့ သူရပ်တန့်နိုင်ခဲ့ရင်, သူ့အနေနဲ့ အပြစ်ရှိသလို တောင်းပန်ဖို့လိုသလို ခံစားမိတော့မှာ မဟုတ်ပေ. ဒါပေမဲ့ Lucius က သူ့ရဲ့အချစ်ကို လက်မလျော့နိုင်သေးပေ.
တစ်စုံတစ်ယောက်ကို ချစ်မိနေတာကို ရပ်တန့်ဖို့က လူတစ်ယောက်အနေနဲ့ ဆန္ဒရှိတိုင်း လုပ်နိုင်တာ မဟုတ်ပေ. တစ်ယောက်ယောက်က ပိုပြီးမေ့အောင်ကြိုးစားလေ သူတို့ချစ်တဲ့သူအကြောင်းကို ပိုစဉ်းစားမိလေဖြစ်သည်. Poliana ကို ချစ်မိနေတာကို မရပ်တန့်နိုင်တာကတင် သူ့ရဲ့အချစ်က အချစ်စစ်အချစ်မှန်ဖြစ်တယ်ဆိုတာကို သက်သေပြနေသလို ဖြစ်နေသည်.
YOU ARE READING
Emperor and the Knightness (Unicode) Book - 1
RomanceRead Complete Novel in English at https://wuxiaworld.site/novel/the-emperor-and-the-knightess/ and ongoing Manga at https://zinmanga.com/manga/emperor-and-the-female-knight-the-king-and-his-knight/