အခန်း ၁၇၉

236 30 6
                                    

ဧကရာဇ်က ပြန်ဖြေလိုက်သည်.

"မင်းက ဒရယ်သားကြိုက်တယ်ဆိုတော့ ဒရယ်ပဲ အမဲလိုက်ရမလားလို့လေ မကောင်းဘူးလား?"

"ဟားဟားဟား"

Poliana က ဒရယ်သားကို ကြိုက်နှစ်သက်ပြီး Acreian စစ်သားတွေက သူမကို ဒရယ်သားနဲ့ မိတ်ဆက်ပေးခဲ့တာဖြစ်သည်. အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသက ဒရယ်သားက နူးညံ့ပြီး မြောက်ပိုင်းက ဒရယ်သားက အနည်းငယ်ပိုကြမ်းသည်. ဒရယ်ကို အမဲလိုက်ရတာက အရမ်းပျော်စရာကောင်းတဲ့ အလေ့အထတစ်ခုဖြစ်သည်. ဒါပေမဲ့ Poliana ရဲ့ အမဲလိုက်စွမ်းရည်ကတော့ သာမာန်မျှသာရှိသည်.

သင့်လျော်ကောင်းမွန်တဲ့ သားကောင်တွေရဖို့အတွက် ထောင်ချောက်ဆင်ဖမ်းတာကို ခွင့်ပြုထားပေမဲ့ Acreian ရဲ့ ဓလေ့ထုံးတမ်းအရတော့ ဒီလိုနည်းလမ်းတွေကို ဆောင်းတွင်းမှာသာ အသုံးပြုဖို့ ခွင့်ပြုထားသည်. Acreians တွေက အမဲလိုက်သမားကောင်းတွေဖြစ်ကြကာ သူတို့ရဲ့မြှားတွေနဲ့ အမဲလိုက်နိုင်ကြောင်း ခိုင်မာစွာနဲ့ ယုံကြည်ထားကြသည်. တကယ်လို့ အမဲလိုက်ပွဲမှာ သားကောင်တစ်ကောင်မှ ဖမ်းမမိခဲ့ရင်တော့ ဧကရာဇ်အနေနဲ့တောင် အရှက်ရနိုင်ဖွယ်ရှိသည်.

Acreian တွေရဲ့ ယဉ်ကျေးမှုအရ Poliana လိုမျိုး လေးမပစ်တတ်တဲ့သူမျိုးကို အထင်သေးတတ်ကြသည်. Acreian ရာသီဥတုက ကြမ်းတမ်းတာကြောင့် ဒီသတ်မှတ်ချက်ကို လက်ခံပေးဖို့ Poliana က ဆုံးဖြတ်ခဲ့သည်. သူမရဲ့ဇာတိဟောင်းဖြစ်တဲ့ Cranberries သီးတွေ စိုက်ပျိုးဖြစ်ထွန်းတဲ့ Aehas မှာတော့ ပိုပြီး ကောင်းမွန်တဲ့ ရာသီဥတုရှိသည်. Acreians တွေရဲ့ အသက်ရှင်သန်မှုက သူတို့ရဲ့အမဲလိုက်စွမ်းရည်ပေါ် မူတည်နေတာကြောင့် သူတို့က ဒီအရည်အချင်းကို လွန်စွာတန်ဖိုးထားကြသည်. တခြားဒေသမှာတော့ အမဲလိုက်တာကို ဝါသနာတစ်ခုအဖြစ် ယူဆကြပေမဲ့ Acreia မှာတော့ ဒါက အသက်ရှင်သန်ဖို့အတွက် ဖြစ်သည်.

သူမရဲ့အမဲလိုက်စွမ်းရည်ကြောင့် အပြစ်တင်ခံရတာကို သည်းခံနေရတာက Poliana တစ်ယောက်တည်း မဟုတ်ပေ Acreian အစိုးရအဖွဲ့ထဲ ပါဝင်လာတဲ့ အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသက အထက်တန်းလွှာတွေ အတွက်လဲ တူညီတဲ့ သတ်မှတ်မှုတွေရှိသည်. ပထမတော့ အမဲလိုက်တာကို ဝါသနာပါခဲ့တဲ့ ဒီအထက်တန်းလွှာတွေက Acreian တွေက အမဲလိုက်စွမ်းရည်ကို တန်ဖိုးထားတယ်လို့ ကြားလိုက်တာကြောင့် သူတို့က ပျော်ရွှင်ခဲ့သည်. ဒါပေမဲ့ အမဲလိုက်အဖွဲ့ဝင်အသစ်တွေက Acreian တွေရဲ့ အမဲလိုက်တဲ့နည်းလမ်းကို သိလိုက်ချိန်မှာတော့ သူတို့က ထိတ်လန့်သွားခဲ့ကြသည်.

Emperor and the Knightness (Unicode) Book - 1Where stories live. Discover now