Lucius က မျှော်လင့်ထားပြီးသားဖြစ်ပေမဲ့ ဒီလောက်အထိ မြန်လိမ့်မယ်လို့တော့ မထင်မိခဲ့ချေ. Marquis Seeze က ဉာဏ်များတဲ့မြွေတစ်ကောင်ပဲ. ဧကရာဇ်က သူ့စိတ်ထဲအော်ဂလီဆန်နေတာကို ဖုံးလိုက်ကာ မိန်းမငယ်လေးကို နှုတ်ဆက်လိုက်သည်.
Tory Seeze က လေးစားစွာနဲ့ ဦးညွှတ်လိုက်သည်. သူမက Marquis Seeze နဲ့ သွေးမနီးတဲ့ဆွေမျိုး တစ်ယောက်ဖြစ်ပြီး သူ့သားအငယ်ဆုံးက မွေးစားထားတာ သိပ်မကြာသေးပေ. သူမရဲ့ဦးညွှတ်မှုက ရိုးရှင်းပေမဲ့ ကျက်သရေရှိကာ လှပသည်. အနီးနားမှာရှိတဲ့ လူလွတ်စစ်သည်တွေက အရူးတွေလိုမျိုး သူမကို ကြည့်နေကြသည်
Tory က ရှက်လာတာကြောင့် မျက်နှာရဲလာပြီး တခြားအမျိုးသမီးတွေနဲ့အတူ ထွက်သွားလိုက်သည်. မြောက်ပိုင်းဒေသမှာက လူငယ်အမျိုးသားနဲ့ အမျိုးသမီးတွေက ဒီလိုပွဲတွေမှာ တွေ့ဆုံလေ့မရှိကြပေ. သူတို့က အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာလိုမျိုး ပွဲလမ်းသဘင်တွေကိုလဲ မပြုလုပ်ကြချေ.ဒါတောင်မှပဲ Tory Seeze ရှက်နေပုံရတာက ထူးဆန်းနေသလိုရှိသည်. Lucius အဝေးကိုရောက်နေချိန်မှာ Tory Seeze က ကျက်သရေရှိပြီးလှပတင့်တယ်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်လာကာ သင့်တော်တဲ့ သတို့သမီးလောင်းဖြစ်လာခဲ့သည်. ဒီလူအိုကြီးဘာလုပ်ဖို့ ကြိုးစားနေတာလဲဆိုတာကို ဟန်ဆောင်ဖို့ မဖြစ်နိုင်တာကြောင့် ဧကရာဇ်က စိတ်ပျက်နေသည်.
Lucius က Marquis ကို ပြောလိုက်သည်."အရမ်းယဉ်ကျေးတဲ့ မိန်းကလေးပဲ"
"သူမက မိန်းမကောင်းလေးတစ်ယောက်ပါ. ကျွန်တော့်သားအငယ်ဆုံးက သူမလက်ထပ်ဖို့အတွက် သင့်လျော်တဲ့လူရှာနေတာ. သူမအတွက် သင့်လျော်တဲ့ခင်ပွန်းလောင်းရှာတွေ့ဖို့ ကျွန်တော်မျှော်လင့်တာပဲ"
"ဟားဟား, သူမက လှပပြီး သိမ်မွေ့တာပဲ, ဆိုတော့ မင်းဘာပြဿနာမှ တွေ့မှာမဟုတ်ပါဘူး"
"ကျွန်တော်လဲ အဲ့လိုပဲထင်ပါတယ် အရှင်. အခု ဒီလူအိုကြီးက အရမ်းပင်ပန်းလာပြီဆိုတော့ ကျွန်တော် သွားလိုက်ပါဦးမယ်. ပျော်ရွှင်ဖွယ်ရာညနေခင်းဖြစ်ပါစေ အရှင်"
YOU ARE READING
Emperor and the Knightness (Unicode) Book - 1
RomanceRead Complete Novel in English at https://wuxiaworld.site/novel/the-emperor-and-the-knightess/ and ongoing Manga at https://zinmanga.com/manga/emperor-and-the-female-knight-the-king-and-his-knight/