အခန်း ၇၀

372 56 0
                                    

Lucius က သူ့သူငယ်ချင်း Sir Ainno ကို ဖက်လိုက်တော့ သူက ဧကရာဇ်ရဲ့ကျောကို ပုတ်လိုက်သည်. Lucius က သူတို့စကားပြောတာ သူများတွေမကြားရအောင်လို့ တီးတိုးပြောလိုက်သည်

"ငါက ချို့ယွင်းချက်တွေရှိတဲ့ ဧကရာဇ်ဖြစ်နေလို့ မင်းကို ဒီလိုပင်ပန်းတာတွေလုပ်မိစေလို့ စိတ်မကောင်းပါဘူး Inno."

"မဟုတ်တာဟာ ငါ မင်းအတွက် အမြဲတမ်းတိုက်ခိုက်ပေးနိုင်တယ် သူငယ်ချင်း. ငါက ငါတို့တိုင်းပြည်ရဲ့အကောင်းဆုံးစစ်သည်ဆိုတာ မမေ့နဲ့လေ ပြီးတော့ ငါမင်းဘေးမှာ အမြဲတမ်းရှိနေမယ်"


Sir Ainno နဲ့ Lucius က အခက်အခဲတွေအများကြီးကို အတူတူဖြတ်ကျော်ခဲ့ကြသည်. Sir Ainno လုပ်ခဲ့သမျှအားလုံးက မှန်တာပဲဖြစ်ဖြစ် မှားတာပဲဖြစ်ဖြစ်. ဧကရာဇ်အတွက် လုပ်ခဲ့တာဆိုတာကို သူသိသည်. Lucius က တိတ်တဆိတ်တွေးလိုက်တယ်

'အင်း.. သူ့အတွက်လဲ ပါမယ်ဆိုတာ သေချာတယ်'


သွက်လက်တက်ကြွတဲ့လူငယ်တစ်ယောက်အနေနဲ့ Sir Ainno က တဲထဲမှာ မြေပုံထိုင်ကြည့်နေတာထက်စာရင် စစ်မြေပြင်မှာ စစ်တိုက်ရတာကို ပိုသဘောကျသည်. အရေးအကြီးဆုံးက Acreian ဧကရာဇ်က သူ့စစ်သည်ကို လုံးဝယုံကြည်စိတ်ချတာဖြစ်သည်

ဒီစစ်သည်နဲ့ဧကရာဇ်ရဲ့ နှုတ်ဆက်နေတဲ့ လှပတဲ့မြင်ကွင်းကြောင့် တစ်ချို့စစ်သည်တွေက မျက်ရည်ဝဲလာကြသည်. Sir Baufallo က Poliana နားကို ရောက်လာပြီး သူမ လက်ကိုကိုင်ကာ ပြောလိုက်တယ်

"မင်းဒီမှာရှိနေလို့ ငါအရမ်းကျေးဇူးတင်မိတာပဲ.Sir Poliana တကယ့်ကို ကောင်းချီးပေးခံရတာပဲ"

"ဟမ်?.. ဘာပြောချင်တာလဲ?"

"တကယ်လို့ မင်းသာရှိမနေဘူးဆိုရင် မကောင်းတဲ့သတင်းတွေအများကြီးထွက်လာမှာ..."

"အော..."

Sir Baufallo ဘာကိုပြောချင်တာလဲဆိုတာကို Poliana သိလိုက်သည်. သူမနဲ့ဧကရာဇ်တို့ရဲ့ ကောလဟာလတွေလဲ အများကြီးရှိသည်.


တဏှာရူးနေတဲ့ ဧကရာဇ်. လိင်တူသဘောကျတဲ့ ဧကရာဇ်. သူ့စစ်သည်တွေအားလုံးနဲ့အိပ်တဲ့ ဧကရာဇ်

ဒါပေမဲ့ Poliana ကတော့ ဒီသတင်းတွေကို လုံးဝဂရုမစိုက်ပေ. တကယ်လို့ သူမဧကရာဇ်က အဲ့လိုဖြစ်နေရင်တောင်မှ. Lucius က ကြီးကျယ်ခမ်းနားတဲ့အုပ်ချုပ်သူဖြစ်နေတုန်းပဲ Acreian ဧကရာဇ်က Sir Ainno နဲ့ အရင်းနှီးဆုံးဖြစ်ပေမဲ့ သူ့စစ်သည်တွေအားလုံးကို စိတ်ရင်းနဲ့ဆက်ဆံသည်. အဲ့တာက ကြည့်ရတာနဲ့တင် ကျေနပ်စရာကောင်းသည်

Emperor and the Knightness (Unicode) Book - 1Where stories live. Discover now