အခန်း ၁၆၉

214 31 0
                                    

တောင်ပိုင်းဒေသမှာ မွေးဖွားကြီးပြင်းလာတဲ့ Lady Rebecca က အအေးဒဏ်ကို ခံနိုင်ရည်မရှိပေ. ကိုယ်ဝန်ရလာပြီးတဲ့နောက်မှာတော့ သူမရဲ့အအေးဒဏ်ခံနိုင်စွမ်းက ပိုဆိုးလာခဲ့သည်. သူမဘေးနားက လူတိုင်းက နွေးထွေးနေတယ်လို့ ခံစားနေရချိန်မှာ Lady Rebecca က ရာသီဥတုကြောင့် တုန်ခါနေသည်.

Lady Tory က သူမရဲ့ ကိုယ်ပိုင်သားမွှေးအနွေးထည်ကို Rebecca ကို ပေးလိုက်ပြီး Stra ကတော့ သူမအတွက် နွေးထွေးတဲ့ သိုးမွှေးလက်အိတ်တစ်စုံကို ထိုးပေးခဲ့သည်. သူတို့က အရမ်းအေးခဲတဲ့ အချိန်မှာသာ အသုံးပြုကြတဲ့ မီးလင်းဖိုကိုတောင် ယူလာခဲ့ကြသည်. ကံမကောင်းစွာနဲ့ မီးလင်းဖိုထဲမှာ မီးသွေးတွေက အဆတ်မပြတ်လောင်ကျွမ်းနေကာ အခန်းထဲမှာ မီးခိုးတွေပြည့်နေတာကြောင့် အခန်းပြတင်းပေါက်တွေကို ဖွင့်ထားရသည်.

Lady Rebecca နားမှာ ထိုင်နေတဲ့ Poliana ကတော့ ချွေးပျံနေသည်. သူမက မြောက်ပိုင်းဒေသမှာ ကြီးပြင်းခဲ့တာကြောင့် အပူဒဏ်ကို မခံနိုင်ပေ.

'သူမ မပူဘူးလား? ဒီလောက်ပူနေတာကို သူမက ဘယ်လိုလုပ်နေနိုင်နေတာလဲ?'

Lady Rebecca က ဆက်တိုက်တုန်ခါနေတာကြောင့် Poliana က ထိတ်လန့်နေသည်. သူမက သူမရဲ့အိပ်ယာထဲမှာရှိနေပြီး စောင်တွေအထပ်လိုက်ခြုံထားတာဖြစ်သည်. ဒါက လူအများစုအတွက် ချွေးပျံလာဖို့ လုံလောက်ပေမဲ့ Lady Rebecca ရဲ့လက်တွေကတော့ ရေခဲတွေလို အေးစက်နေဆဲဖြစ်သည်. သူမနဲ့ တခြားသူတွေ ဘယ်လောက်ပဲကြိုးစားကြိုးစား Lady Rebecca ကို နွေးထွေးအောင် မပြုလုပ်ပေးနိုင်ပေ.

လေ့ကျင့်ခန်းလုပ်ရင် အအေးဒဏ်ခံနိုင်တယ်လို့ လူသိများကြပေမဲ့ ကံမကောင်းစွာနဲ့ Lady Rebecca က ကိုယ်ဝန်ရှိနေပြီး သူမကို လှုပ်ရှားမှုတွေ အများကြီး ပြုလုပ်ခွင့်မပြုထားပေ. သူမက အစားကောင်းကောင်း စားနိုင်ရင် အနည်းငယ်ပိုကောင်းနိုင်မှာဖြစ်ပေမဲ့ သူမရဲ့ မနက်ခင်းပိုင်း ပျို့အန်မှုကြောင့် သူမက အစားအနည်းငယ်သာ စားသုံးနိုင်ခဲ့သည်. အချိန်အများစုမှာတော့ သူမ စားထားသမျှ အကုန်နီးပါး ပြန်အန်ထွက်နေခဲ့သည်.

ဒီလိုအခြေအနေနဲ့ ပတ်သက်ပြီးတော့ အမြင်နှစ်ခုရှိလေသည်. လူတစ်ချို့က Lady Rebecca က ဟန်ဆောင်နေတာလို့ ယုံကြည်နေကြသည်. အမျိုးသမီးတိုင်းက သူမတို့ဘဝမှာ တစ်ခါ ဒါမှမဟုတ် တစ်ခါထက်ပိုပြီးတော့ ကိုယ်ဝန်ဆောင်ရမှာဖြစ်တာကြောင့် သူမက ဘာလို့ ဒီလိုကိစ္စကြီးအောင် လုပ်နေရတာလဲ? တစ်ချို့ကတော့ သူမကို စာနာကြသည်. အများစုကတော့ သူမရဲ့ အခြေအနေကို စိတ်ပူနေကြသည်.

Emperor and the Knightness (Unicode) Book - 1Where stories live. Discover now