Donau က ရေရွတ်လိုက်တယ်
"ဒီမြစ်က တကယ်ကြီးတာပဲ"
"ဒီမြစ်က မြောက်ပိုင်းဒေသမှာ အကြီးဆုံးပဲ ဒါပေမဲ့ တောင်ပိုင်းမှာ ဒီထက်ပိုကြီးတဲ့ မြစ်ရှိသေးတယ်"
"သေစမ်း. ကျွန်တော်တို့ ဒီမြစ်တောင်မဖြတ်နိုင်သေးဘူး, ဟိုမြစ်ကို ဘယ်လိုဖြတ်ကြမလဲ?"
"အဲ့မြစ်ကတော့ လှေနဲ့ ကူးလို့ရတဲ့အထိ ရေစီးငြိမ်တယ်လို့ ပြောကြတယ်. ပြီးတော့ အဲ့မှာ ရေကူးပြိုင်ပွဲတွေတောင်လုပ်ကြတယ် ပြောတယ်"
Poliana က ရှင်းပြလိုက်တော့ Donau မယုံနိုင်သလို ခေါင်းရမ်းပြတယ်
သူတို့က သတင်းတွေထပ်ရအောင်လို့ ရွာထဲကို သွားလိုက်တယ်. လမ်းတစ်လျှောက်မှာ သူတို့တွေက တွေ့သမျှလူတွေကို မေးခွန်းထုတ်လာကြသည်. အများစုကတော့ လယ်သမားတွေဖြစ်ကြတယ် သူတို့က တူညီတဲ့အဖြေကိုပဲ ရလိုက်တယ်
လယ်သမားတစ်စုက မတ်စောက်တဲ့နေရာမှာရှိတဲ့ မြေကွက်တစ်နေရာမှာ တောရှင်းနေတာကို တွေ့လိုက်သည်.. အဲ့နားမှာ တခြားမြေလွတ်တွေရှိနေတာကိုလဲ သူမတွေ့လိုက်သည်
သူမက မေးလိုက်တယ်
"ဟိုမြေကွက်နေရာက ကျွန်မတို့ဘက်ကမဟုတ်ဘူးလား? အဲ့မှာ ဘာလို့ လယ်မစိုက်တာလဲ?"
"အိုး.. ဆရာရေ.. အဲ့နေရာက ကျောက်သားတွေ"
လယ်သမားက သူ့လက်ကိုရမ်းလိုက်တယ်
"အဲ့နားတစ်ဝိုက်က ကျောက်သားတွေချည်းပဲ, ဘာမှအသုံးမဝင်တဲ့ မြေနေရာ"
လယ်သမားက မြစ်ဘက်အထိရောက်နေတဲ့ နေရာကို လက်ညှိုးထိုးပြလိုက်တယ်. Poliana က သူလက်ညှိုးညွှန်တဲ့အတိုင်း သေချာလိုက်ကြည့်လိုက်သည် ဒီနေရာနားမှာများ အဖြေတစ်ခုခုရှိနိုင်လား? သူမထပ်ပြီးတော့ စိတ်မပျက်ချင်တော့ဘူး, သူမ ကိုယ့်ကိုကိုယ် မျှော်လင့်ချက်အရမ်းမထားမိဖို့ ဆုံးဖြတ်လိုက်သည်. သူမလုပ်နိင်တာက သူမဆက်ပြီးတော့ ရှာဖွေနေဖို့ပဲဖြစ်သည်
Poliana က Donau ကို လှမ်းခေါ်လိုက်တယ်. သူတို့က မြစ်ဘက်ကို သွားလိုက်တော့ လယ်သမားတွေက လှမ်းအော်တော့တယ်
YOU ARE READING
Emperor and the Knightness (Unicode) Book - 1
RomanceRead Complete Novel in English at https://wuxiaworld.site/novel/the-emperor-and-the-knightess/ and ongoing Manga at https://zinmanga.com/manga/emperor-and-the-female-knight-the-king-and-his-knight/