Poliana က သွေးတွေအများကြီးထွက်နေပေမဲ့ သူမကို အမှန်တကယ်စိတ်ဒုက္ခပေးနေတာက သူမအနေနဲ့ ခေါင်းမူးနေသလို စိတ်ရှုပ်နေတာကိုလဲ တပြိုက်နက်ခံစားနေရလို့ဖြစ်သည်. ကြီးမားတဲ့ စိတ်ရှုပ်ထွေးမှုတွေနဲ့ ဒေါသတွေက သူမကိုလွှမ်းမိုးထားတာကြောင့် Poliana က သူမအိပ်ယာထဲမှာ ကန်ကျောက်နေခဲ့သည်. သူမခြေချောင်းတွေက နာလာတာကြောင့် သူမပိုပြီး ဒေါသထွက်လာခဲ့သည်
သမားတော်တွေက အခန်းထဲ ပြေးဝင်လာပြီး သွေးတွေမြင်လိုက်တော့ အလန့်တကြားဖြစ်သွားခဲ့သည်. သူတို့က သူမကို သေချာစစ်ဆေးလိုက်ကာ ဝမ်းဗိုက်ပိုင်းက ကြွက်သားနာကျင်တဲ့ ရောဂါလက္ခဏာကြောင့် သားဖွားမီးယပ်သမားတော်ကို အကူအညီတောင်းလိုက်ရသည်.
သမားတော်တွေက သေချာဆွေးနွေးပြီးတဲ့နောက် အဖြေထုတ်လိုက်သည်.
Poliana က ရာသီလာနေတာဖြစ်သည်.
သားဖွားမီးယပ်သမားတော်က ရှင်းပြလာသည်.
"စစ်ကြီးပြီးသွားတော့ မင်းရဲ့ခန္ဓာကိုယ်က သက်တောင့်သက်သာဖြစ်လာတယ် Marquess Winter. ဒါကြောင့် ပုံမှန်ကျန်းမာရေးအခြေအနေအတိုင်း ပြန်ဖြစ်လာတယ် အခု ရုတ်တရက် ဒဏ်ရာရပြီး စိတ်ဖိစီးမိမှုတွေဖြစ်လာတော့ မင်းရဲ့ ရာသီစက်ဝန်းက ပုံမှန်ပြန်ဖြစ်သွားတာ"
Poliana က ရေရွတ်လိုက်သည်.
"ဒါဆို ငါ့ရဲ့ ရာသီက စိတ်ဖိစီးမှုကြောင့် ရပ်သွားပြီး စိတ်ဖိစီးမှုကြောင့်ပဲ ပြန်စလာတယ်ဆိုပါတော့? ဘယ်လိုတောင်လဲ"
သူမရာသီမလာတာ နှစ်ပေါင်းများစွာကြာခဲ့ပြီး အခု ရာသီပြန်လာတာကြောင့် Poliana က မပျော်မရွှင်ဖြစ်နေသည်. သူမရဲ့ ရာသီကြောင့်လား ဒါမှမဟုတ် သူမစိတ်အပြောင်းအလဲမြန်တာရဲ့ အကျိုးဆက်ကြောင့်လား? ဘာကြောင့်ပဲဖြစ်ဖြစ် Poliana က ဒေါသထွက်ကာ စိတ်ပျက်နေသည်.
စိတ်ရှုပ်နေတဲ့ Poliana က ဒဏ်ရာရနေတဲ့ တောရိုင်းကောင်တစ်ကောင်လို ပြုမူလာတော့သည်. သူမကို ပြုစုပေးနေတဲ့ အကူတွေက သူမအတွက် စိတ်ပူလာကြသည်. Lady Rebecca အတွက် သူမစိတ်ပူနေတာကို လူတိုင်းက သိနေတာကြောင့် Poliana ရဲ့ ရိုင်းပြမှုကို လူတွေက နားလည်ပေးနိင်သည်. သူမရဲ့ ရာသီကလဲ သူမစိတ်ခံစားမှုတွေကို အကူအညီမပေးတာ သေချာနေသည်.
YOU ARE READING
Emperor and the Knightness (Unicode) Book - 1
RomanceRead Complete Novel in English at https://wuxiaworld.site/novel/the-emperor-and-the-knightess/ and ongoing Manga at https://zinmanga.com/manga/emperor-and-the-female-knight-the-king-and-his-knight/