Lady Rebecca ရဲ့ ကိုယ်ဝန်ဆောင်တဲ့သတင်းက Acreia မှာ နေနေတဲ့ အကြီးအကဲတွေနဲ့ အဆင့်မြင့်အထက်တန်းလွှာတွေကို ဒေါသထွက်စေခဲ့သည်. သူတို့ရဲ့ စိတ်ရှုပ်မှုက Nanaba ရဲတိုက်မှာ နေထိုင်နေတဲ့ Duke Luzo အပေါ်ကို ကျရောက်သွားခဲ့သည်.
ညစာစားပွဲမှာ ဖြစ်ပျက်ခဲ့တာကို Duke Luzo က ဖုံးကွယ်ဖို့ ကြိုးစားခဲ့ပေမဲ့ သတင်းအချက်အလက်အဖွဲ့ရဲ့ ကျေးဇူးနဲ့ ဧကရာဇ်က သိပြီးသားဖြစ်နေသည်.
Lucius က တိတ်တဆိတ်တွေးလိုက်သည်.
'ငါ သွားပြီးတော့ ဒီကိစ္စကို ကိုင်တွယ်မှပဲ....'
အမျိုးသားနေ့က ရောက်လာတော့မှာဖြစ်ပြီး ဧကရာဇ်က Acreia မှာရှိတဲ့ Nanaba ရဲတိုက်ကို သွားကာ Duke နဲ့ Duchess Luzo တို့ကို ရိုင်းပြစော်ကားခဲ့တဲ့ Acreian အထက်တန်းလွှာတွေကို ကိုင်တွယ်ဖို့ ဆုံးဖြတ်ခဲ့သည်.
ဒီလိုလုပ်ဖို့အတွက် ဧကရာဇ်က Yapa ကနေ နှစ်လလောက် ဝေးကွာနေမှာဖြစ်သည်. Nanaba မှာ ၁၅ ရက်လောက်ကြာအောင် ပွဲတော်ပြုလုပ်မှာဖြစ်သည်. ခရီးသွားချိန်ကတင် အချိန်တစ်လကျော်လောက် ကြာမြင့်မှာဖြစ်ပြီး ကံမကောင်းစွာနဲ့ ဧကရာဇ်က သူနဲ့အတူ လူတွေအများကြီးကို ခေါ်သွားရဖို့ရှိသည်. မနှစ်ကတော့ ဧကရာဇ်ရဲ့ဇနီးတွေက သူနဲ့အတူမလိုက်ခဲ့ပေမဲ့ ဒီနှစ်မှာတော့ သူတို့ကလဲ ပွဲတော်ကို အတူတက်ရောက်မှာဖြစ်သည်.
Lady Rebecca ကတော့ ချွင်းချက်ဖြစ်သည်.
"Lady Rebecca ရော သွားမှာလား အရှင်?"
"ဘယ်သွားလို့ဖြစ်မလဲ. လှည်းထဲမှာ အချိန်အကြာကြီးခရီးသွားဖို့ သူမအတွက် ဘယ်လောက်ပင်ပန်းမလဲ? သူမက ဒီမှာပဲ နေခဲ့လိမ့်မယ်"
ရူးနေတဲ့လူကသာ သူ့ရဲ့ကိုယ်ဝန်ဆောင်ဇနီးသည်ကို ခရီးအရှည်ကြီးကို ခေါ်သွားမှာဖြစ်သည်. အထူးသဖြင့် Lady Rebecca လို အကြမ်းမခံနိုင်တဲ့ အမျိုးသမီးတစ်ယောက်ကလေ?
ကလေးမွေးတဲ့အချိန်မှာ သူ့ဇနီးနားမှာ ရှိမနေနိုင်မှာစိုးတဲ့အတွက် Lucius က သူ့ရဲ့အချိန်ဇယားကို သေချာတွက်ချက်နေသည်. တကယ်လို့ အားလုံးက သူစီစဉ်တဲ့အတိုင်းဖြစ်ခဲ့ရင် သူက Rebecca ရဲ့ကိုယ်ဝန် ၈ လကျော်လောက်မှာတင် Yapa ကို အချိန်မှီပြန်ရောက်လာနိုင်သည်. အမျိုးသမီးတွေက ဒီ့ထက်စောပြီး ကလေးမွေးလေ့မရှိတာကြောင့် သူ့ရဲ့အစီအစဉ်က အလုပ်ဖြစ်မယ်ဆိုတာကို သူက သေချာသိနေသည်.
YOU ARE READING
Emperor and the Knightness (Unicode) Book - 1
RomanceRead Complete Novel in English at https://wuxiaworld.site/novel/the-emperor-and-the-knightess/ and ongoing Manga at https://zinmanga.com/manga/emperor-and-the-female-knight-the-king-and-his-knight/