အခန်း ၁၈

574 87 0
                                        

Lucius ရဲ့ စစ်တပ်က တောင်ပိုင်းကို ဆက်မသွားသေးဘူး. အဲ့အစား သူတို့က ရိက္ခာတွေစုကြတယ်. အနားယူကြတယ်.ပြီးတော့ Aehas နဲ့ Kukda တိုက်ပွဲကရခဲ့တဲ့ ဒဏ်ရာတွေကို ကုသလိုက်ကြတယ်

Poliana က သူတို့တွေ နယ်မြေ ဆက်မသိမ်းခင်မှာ သူတို့နေနေတဲ့ နေရာမှာပဲ အချိန်အတော်ကြာ ဆက်နေရဦးမယ်လို့ မျှော်လင့်ခဲ့ပေမဲ့ Lucius ကတော့ တခြားစိတ်ကူးရှိနေခဲ့သည်

ဒီစစ်ပွဲကာလမှာ တရားဝင်သတ်မှတ်ထားခြင်းမရှိတဲ့ စည်းမျဉ်းကို ဆန့်ကျင်ပြီးတော့ သူက နွေဦးတွင် စစ်တိုက်ရန် စီစဉ်လိုက်သည်

ဒီအစီအစဉ်က သူတို့အတွက် ပိုအကျိုးကျေးဇူးရှိတာကို သူမနားလည်သည်.

Bebero အနေနဲ့ သူတို့ကို လာတိုက်မယ်လို့ မျှော်လင့်ထားမှာ မဟုတ်ဘူး. သူတို့က ဆောင်းတွင်းကုန်တော့မှာဖြစ်လို့ စိတ်အေးလက်အေးဖြစ်နေကြလိမ့်မယ်

Aehas နဲ့ Kukda ဘာတွေဖြစ်သွားလဲဆိုတာ တိုင်းပြည်တိုင်းက သိနေပြီဖြစ်သည်

ဒါကြောင့် အခုအချိန်မှာ Bebero ကို စစ်ပွဲအတွက် ပြင်ဆင်ချိန်မပေးပဲ တိုက်လိုက်တာက ပိုကောင်းသည် နွေဦးမှာ သူတို့ကာကွယ်ရေးစနစ်တွေကလဲ အားနည်းနေမှာဖြစ်သည်

'နွေဦးတိုက်ပွဲ....'

ဒီစိတ်ကူးက သူမခေါင်းထဲရောက်ဖို့ ခက်ခဲနေသည်.

"အမျိုးသားကိုယ်ဝန်ဆောင်" ဒါမှမဟုတ် "မုတ်ဆိတ်မွှေးနဲ့အမျိုးသမီ" အဲ့လို စကားလုံးတွေလိုပဲ လုံးဝမရင်းနှီးတဲ့ စကားလုံးအသစ်ခုလိုဖြစ်နေသည်

Poliana က သတ္တုချောင်းနဲ့ မီးသွေးတွေကို ထိုးချလိုက်တာကြောင့် မီးသွေးတွေက အနီရောင်တောက်လာသည်. သူမက Sir Baufallo ရဲ့တဲအတွက် ရေနံဆီမီးတိုင် ထွန်းပေးရန် လုပ်နေတာဖြစ်သည်

ဒါက သီးသန့်အကူက လုပ်ပေးရမှာဖြစ်ပေမဲ့ Donau ကတော့ ဒီအလုပ်က အမျိုးသမီးတစ်ယောက်ရဲ့ အလုပ်လို့ပြောကာ ထွက်ပြေးသွားသည် Acreian မှာ တကယ်ပဲ အဲ့လိုရှိလို့လား...

Acreia မှာ အမျိုးသမီးတွေက အိမ်ကို နွေးထွေးမှုရှိအောင်လုပ်နေချိန်မှာ အမျိုးသားတွေက အမဲလိုက်ထွက်ကြသည်

Emperor and the Knightness (Unicode) Book - 1Where stories live. Discover now