အမျိုးသားနေ့အထိမ်းအမှတ်ညစာစားပွဲကို မူလအစီအစဉ်အတိုင်း ဆက်လက်ကျင်းပခဲ့သည်. စားသောက်ပွဲအတွက် အသားတွေကိုတော့ အမဲလိုက်ရာက မဟုတ်ပဲ မွေးမြူရေးတိရစ္ဆာန်ကရတဲ့ အသားတွေကို အသုံးပြုခဲ့သည်. နေမကောင်းနေတဲ့သူရှိနေချိန်မှာ သားကောင်တွေကို အမဲလိုက်တာနဲ့ သတ်ဖြတ်တာက ကံဆိုးတတ်တယ်လို့ ယူဆကြသည်. ဒါ့ကြောင့် အမျိုးသားနေ့အထိမ်းအမှတ် အမဲလိုက်ပွဲဆိုတာက လူတွေအနေနဲ့ ရိုးရာထုံးတမ်းကို လိုက်နာတာထက် သူတို့ကိုယ်ပိုင် ပျော်ရွှင်မှုအတွက်သာ ဖြစ်တယ်ဆိုတာကို သက်သေပြနေသည်.
Duchess နဲ့ Lady Stra တို့က ခပ်လှမ်းလှမ်းနေရာမှာ ထိုင်နေပြီး Lady Tory နားမှာတော့ Acreian အထက်တန်းလွှာတွေက ဝိုင်းအုံနေခဲ့သည်. ဘယ်သူကမှ သူတို့ကို စကားလာမပြောတာကြောင့် Lady Stra က ခါးသက်စွာနဲ့ ပြုံးလိုက်သည်. ဒီလိုဖြစ်ရပ်က Yapa မှာ စားသောက်ပွဲကျင်းပတိုင်း ဖြစ်နေကြဖြစ်ပြီး လူတွေက Acreia သူဖြစ်တဲ့ Lady Tory နားမှာသာ စုပြုံနေတတ်ကြပြီး သူမနားမှာတော့ တစ်ယောက်မှ ရှိမနေတတ်ပေ. ဒါပေမဲ့ Lady Rebecca က သူမနားမှာ အမြဲတမ်းရှိနေတတ်ပြီး Poliana က ထောင့်တစ်နေရာကနေ လူတွေကို စောင့်ကြည့်နေတတ်တာကြောင့် သူမက အထီးကျန်ဝမ်းနည်းသလိုမျိုး မခံစားခဲ့ရပေ.
Lady Stra က Duchess ကို ပြောလိုက်သည်.
"ဒါက ပျော်ပွဲရွှင်ပွဲဖြစ်နေပေမဲ့ ကျွန်မတို့က ဒီအတိုင်းပဲ ထိုင်နေရတယ်. မြောက်ပိုင်းက စားသောက်ပွဲတွေက ပျင်းစရာကောင်းလိုက်တာ"
အမျိုးသားရော အမျိုးသမီးပါ အတူယဉ်တွဲကာ ရှိခွင့်ရတဲ့ အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေလိုမဟုတ်ပဲ မြောက်ပိုင်းဒေသက စားသောက်ပွဲတွေမှာတော့ အမျိုးသားတွေကသာ လွတ်လပ်စွာ လှည့်ပတ်သွားလာခွင့်ရှိနေပြီး အမျိုးသမီးတွေကတော့ ထိုင်ခုံမှာသာ ထိုင်နေကြရသည်. မွန်းကြပ်လာသလိုခံစားရတာကြောင့် Lady Stra က သူမခေါင်းကို ရမ်းလိုက်သည်.
Lady Tory နားမှာ စကားပြောနေကြတဲ့ Acreians အထက်တန်းလွှာတွေက ပြောလိုက်သည်.
"ဟိုကိုကြည့်စမ်း, Duchess က ငါတို့ကို ကြည့်နေတယ်"
"ဘယ်သူ့ဂရုစိုက်ရမှာလဲ? ဟားဟား, ငါတို့လိုအပ်တဲ့ Lady Tory က ဒီမှာရှိနေတာလေ. သူမကသာ ဒီနေ့စားသောက်ပွဲရဲ့ အဓိကလူပဲ ဟုတ်တယ်မလား? ကြည့်စမ်း. ဟိုတောင်ပိုင်းက အမျိုးသမီးတွေနဲ့ ယှဉ်လိုက်ရင် ဘယ်လောက်တောင် တည်ငြိမ်ပြီးတော့ အိန္ဒြေရတဲ့အမျိုးသမီးလဲ"
YOU ARE READING
Emperor and the Knightness (Unicode) Book - 1
RomanceRead Complete Novel in English at https://wuxiaworld.site/novel/the-emperor-and-the-knightess/ and ongoing Manga at https://zinmanga.com/manga/emperor-and-the-female-knight-the-king-and-his-knight/