အခန်း ၁၇

544 96 0
                                    

Poliana က အမြဲတမ်း လစ်လျှူရှုထားတယ်

အမြဲတမ်းပဲ

သူမက မိန်းကလေးဖြစ်နေလို့ သူမစစ်တပ်ထဲကလူတွေက သူမရန်သူတွေထက် သူမကို ပိုပြီးတော့ ဆိုးရွားစွာ ဆက်ဆံခဲ့တဲ့အချိန်တွေ အများကြီးရှိခဲ့သည်

အဲ့တာက သူမက ဘာမှ မလုပ်ခဲ့ဖူးလို့ မဆိုလိုဘူး..

ဒါက ပုဂ္ဂိုလ်ရေးဖြစ်သွားပြီ. ဒါက စစ်တပ်တိုင်းမှာ သတ်မှတ်ထားတဲ့စည်းကမ်းတွေ တရားဝင်သတ်မှတ်ထားခြင်းမရှိတဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ရာရောက်သည်

သူများတွေ ဘာပဲပြောပြော, သူမက စစ်သည်တစ်ယောက် စစ်အရာရှိတစ်ယောက်, ပြီးတော့ အခုဆို လူတိုင်းက သူမကို စောင့်ကြည့်နေတာဖြစ်လို့ သူမအနေနဲ့ သူမရဲ့ စွမ်းအားကို ပြသဖို့ လိုနေပြီ ဖြစ်သည်

သူမ တပ်စုမှူးဖြစ်တုန်းက သူမရဲ့ လူတွေက သူမနောက်ကို လိုက်ကြရတယ်. သူတို့တွေက သူမကို မုန်းတီးကြကာ စုန်းမလို့ခေါ်ကြသည်. ဒါပေမဲ့ သူမရိုက်တာကို ခံရမှာစိုးလို့ သူမအမိန့်တွေကိုတော့ နာခံရသည်

Sir Baufallo ရဲ့လက်ထောက်ဖြစ်လာတဲ့အခါမှာ သူမအနေနဲ့ Donau နဲ့ မကြာခဏတွေ့ရတော့မှာဖြစ်သည်

'ဒီကောင်လေးကို အပြုအမူတစ်ချို့သင်ပေးရမဲ့အချိန်ရောက်ပြီ'

သီးသန့်အကူတွေက သူတို့ရဲ့ စစ်သည်ကို သဘောကျရင် သူတို့က ဒီစစ်သည်တွေနားမှာ အမြဲတမ်း အနီးကပ်နေလေ့ရှိသည်. Donau က သူ့အဖေဆီမှာ အလုပ်လုပ်ရတာကြောင့် သူမအနားမှာ သူ့ကို မကြာခဏမြင်ရမှာဖြစ်သည်

ပြီးတော့ သူ့အစ်ကို Sir Howe လုပ်ရမဲ့အလုပ်တွေကို သူက လုပ်နေတာကြောင့် Donau က ကိုယ့်ကိုကိုယ် အရမ်းအထင်ကြီးနေသည်

စစ်သည်တစ်ယောက်ရဲ့ သီးသန့်အကူ ဒါမှမဟုတ် သားတွေကို ကောင်းကောင်းမဆက်ဆံတတ်ကြပေမဲ့ Donau ကတော့ သူ့အဖေနဲ့ အစ်ကိုကြောင့် တခြားစစ်သည်တွေက သူ့ကို ကောင်းကောင်းဆက်ဆံတယ်

စစ်တပ်ထဲမှာ လူငယ်စစ်သည်က အများစုဖြစ်ပြီး သူတို့ဆီမှာ သီးသန့်အကူမရှိတာများသည် အဲ့တာကြောင့် Donau နေရာမှာ အစားထိုးဖို့ သူ့ထက်အသက်ကြီးတဲ့ သီးသန့်အကူလဲမရှိဘူး

Emperor and the Knightness (Unicode) Book - 1Where stories live. Discover now