Poliana က သူမရဲ့လက်ထောက်က အခန်းထဲမှာ ရှိနေသေးတာကို တွေ့လိုက်ရသည်. သူမက သူ့ကို တစ်ချက်ကြည့်လိုက်တော့ သူမရဲ့လက်ထောက်က Poliana နဲ့ သမားတော်တွေကို အခန်းထဲမှာ ထားခဲ့ကာ ထွက်သွားလိုက်သည်. Poliana က တော်ဝင်သမားတော်တွေနဲ့ သီးသန့်ဆွေးနွေးချင်မှန်း သိလိုသည်. သူတို့က သူမကျန်းမာရေးနဲ့ပတ်သက်ပြီး တခြားမေးခွန်းတွေ ရှိနေတာကိုလဲ မအံ့ဩပေ. သူမက စစ်တပ်ထဲမှာ ဆယ်နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့တာကြောင့် တိုက်ပွဲအတွင်းမှာ ရခဲ့တဲ့ ဒဏ်ရာနဲ့ ပတ်သက်ပြီးတော့ မေးချင်တာတွေ ရှိနိုင်သည်.
Poliana က တုန့်ဆိုင်းနေပေမဲ့ သမားတော်တွေကတော့ စိတ်ရှည်စွာနဲ့ စောင့်ဆိုင်းနေကြသည်. ခဏလောက်တိတ်သွားပြီးတဲ့နောက်တော့ သူမက ရှင်းပြလာသည်.
"အရင်တုန်းက ကျွန်မ လိပ်ခေါင်းရောဂါကို ပြင်းပြင်းထန်ထန်ခံစားခဲ့ဖူးတယ်. အဲ့တာ တော်တော်လေး ဆိုးခဲ့ပေမဲ့ နောက်တော့ သက်သာသွားလို့ ကျွန်မက ပျောက်သွားပြီထင်တာ ဒါပေမဲ့ အခုတလော ကျွန်မ ကြားမိတာက လိပ်ခေါင်းရောဂါက အမြစ်ပြတ်အောင် ကုလို့မရဘူးဆို.."
သူမအတွက် ကံကောင်းသွားတာက ဒီသမားတော်တွေက ဒီရောဂါနဲ့ပတ်သက်ပြီးတော့ ရင်းနှီးကျွမ်းဝင်သည်.
"အခုတလော မသက်မသာဖြစ်မိတာမျိုးရှိလား?"
လိပ်ခေါင်းရောဂါက မကြာခဏပြန်ဖြစ်တတ်ပြီး သန့်စင်ခန်းအသုံးပြုချိန်ကြာမြင့်တတ်တဲ့သူတွေမှာ အဖြစ်များသည်. ဒီရောဂါနဲ့ ပတ်သက်ပြီး ပြင်းထန်စွာခံစားရတဲ့လူတွေက သူတို့ရဲ့ အစာအိမ်ကို ကောင်းမွန်အောင် ကုသပေးဖို့လိုသည်.
"မရှိဘူး. ဘယ်လိုနာကျင်မှုမျိုးမှမရှိဘူး"
ဒါကြောင့်ပဲ သူမရောဂါက ပျောက်ကင်းသွားပြီလို့ သူမထင်ခဲ့မိတာဖြစ်သည်. အများအားဖြင့်တော့ သူမ အရက်သောက်မိတဲ့နေ့ရဲ့ နောက်တစ်နေ့ ဝမ်းသွားတဲ့အခါမှာ သူမ ဝမ်းထဲမှာ သွေးတွေပါလာတတ်က ထူးဆန်းနေပြီး တခြားလူတွေကလဲ ဒီလိုမျိုးပဲ ဖြစ်လိမ့်မယ်လို့ ထင်ကာ သူမက အရေးတယူမရှိခဲ့ပေ. ဒါပေမဲ့ လိပ်ခေါင်းရောဂါက ကုသလို့မရတဲ့ ရောဂါလို့ ပြောလာကြတော့ သူမ စိတ်ပူလာသည်.
![](https://img.wattpad.com/cover/244578906-288-k218273.jpg)
YOU ARE READING
Emperor and the Knightness (Unicode) Book - 1
RomanceRead Complete Novel in English at https://wuxiaworld.site/novel/the-emperor-and-the-knightess/ and ongoing Manga at https://zinmanga.com/manga/emperor-and-the-female-knight-the-king-and-his-knight/