အခန်း ၁၈၁

244 31 10
                                    

Poliana က Frau Sneke အကြောင်း သိချင်နေပြီး သူ့ကိုလက်ထပ်လိုက်ရင် ဘယ်လိုနေမလဲဆိုတာကို မစဉ်းစားပဲ မနေနိုင်ပေ. သူမက ဘယ်လိုဘဝမျိုးဖြစ်သွားမလဲ? ဒီလိုခံစားဖူးတာက ပထမဆုံးအကြိမ် ဖြစ်ပြီးတော့ သူမက သဘောကျနေသည်.

သူမကိုယ်တိုင်ရပ်တည်နိုင်တဲ့သူ ဖြစ်နေတာကြောင့် Frau က အားကိုးရမဲ့လူမျိုးမဟုတ်တာကိုလဲ သူမ ဂရုမစိုက်ပေ. သူမမှာ ပိုက်ဆံအများကြီးရှိတာကြောင့် သူ့ဆီမှာ ပိုက်ဆံမရှိလဲ အဆင်ပြေသည်. သူမရာထူးက မြင့်ပြီးသားဖြစ်တာကြောင့် သူ့မှာ ရာထူကြီးကြီးမရှိလဲ အဆင်ပြေသေးသည်.

ကလေးမရှိလဲ အဆင်ပြေတယ်လို့ Frau က သူမကို ပြောခဲ့သည်. သူ့အနေနဲ့ သူမကို လက်ထပ်ချင်တာက သူ့မိဘတွေက ဖိအားပေးလို့မဟုတ်ပေ. သူမရဲ့ ပိုက်ဆံနဲ့ အဆင့်အတန်းကြောင့်သာ သူကိုယ်တိုင်က လိုလိုလားလားလက်ထပ်ချင်တာဖြစ်ပြီး သူမကလဲ အဲ့အချက်ကို သဘောကျသည်.

လက်ရှိအချိန်မှာတော့ Frau က Poliana ရဲ့ သင့်လျော်တဲ့ခင်ပွန်းလောင်းစာရင်း ထိပ်ဆုံးမှာရှိနေသည်. စာရင်းထဲမှာ တခြားသူတွေမရှိတာကြောင့် သူက ထိပ်ဆုံးမှာ ရှိနေတာဖြစ်သည်. တကယ်လို့ Lucius သာ ဒီအကြောင်းကို သိသွားရင်တော့ သူ မေ့လဲသွားလောက်သည်.

ဒါပေမဲ့ အခုတော့ ဧကရာဇ်က ဒီအကြောင်းကို မသိပေ. သူက ကြင်နာစွာနဲ့ ပြုံးကာ Poliana ကို ပြောလိုက်သည်.

"လက်ထပ်တယ်ဆိုတာက အရေးကြီးတဲ့ သဘောတူညီချက်တစ်ခုပဲ ဒါကြောင့် မင်း တကယ် သဘောကျတဲ့သူ ကိုပဲ လက်ထပ်ဖို့ ငါမျှော်လင့်တယ် Pol. မင်းပတ်ဝန်းကျင်က လူတွေက မင်းကို ဖိအားပေးကောင်းပေးလိမ့်မယ်. ဒါပေမဲ့ မင်းဆုံးဖြတ်ချက်ကို အဆောတလျင်မလုပ်ပါနဲ့ ဘယ်သူကမှ အတင်းအကျပ် ဖိအားမပေးအောင်လို့ မင်းကို ငါကာကွယ်ပေးမယ်"

"ကျွန်မ သိပါတယ် အရှင်"

"မင်း ဖိအားပေးတာခံရလို့ ဒါမှမဟုတ် အရမ်းနောက်ကျနေပြီ ထင်ပြီးတော့လဲ လက်မထပ်ပါနဲ့. သာမာန်လူတစ်ယောက်ကိုလဲ လက်မထပ်နဲ့ Pol. ခန့်ညားပြီးတော့ မိသားစုကောင်းကလာတဲ့ တစ်ယောက်ယောက်ကို မင်းလက်ထပ်ဖို့လိုတယ်. ကြည့်ကောင်းတဲ့ ခန္ဓာကိုယ်လဲရှိရမယ် စိတ်သဘောထားလဲ ကောင်းရမယ်. ပြီးတော့ ငါသဘောတူတဲ့လူလဲ ဖြစ်ရမယ်"

Emperor and the Knightness (Unicode) Book - 1Where stories live. Discover now