Lady Bika နဲ့ စကားပြောပြီးတဲ့နောက်တော့ Poliana က သူမအိပ်ခန်းထဲကို အမြန်သွားလိုက်သည်. သူမစိတ်ရှုပ်တာတွေ ဖြေလျော့ဖို့ ဥယျာဉ်ထဲသွားချင်ပေမဲ့ တခြားလူတွေ တွေ့မှာစိုးတာကြောင့် သူမအိပ်ခန်းထဲကိုပဲ သွားလိုက်သည်.
သူမက အိမ်ထောင်ပရိဘောဂတွေကို ဖျက်ဆီးလို့မရတာကြောင့် နံရံကိုပဲ ရွေးချယ်လိုက်သည်. နူးညံ့တဲ့ နံရံကပ်စက္ကူတွေကပ်ထားပေမဲ့ နံရံကတော့ ကျောက်နံရံဖြစ်သည်. သူမကိုယ်သူမ နာကျင်မယ် ဆိုတာသိပေမဲ့ သူမက ကျောက်တုံးနံရံကို စတင်တိုက်ခိုက်တော့သည်. သူမက သူမတတ်နိုင်သလောက် နံရံကို ထိုးတယ် ကန်တယ်..ထင်ထားသလိုပဲ... အဲ့တာက တော်တော်လေး နာသည်. သူမလုပ်နေကြအတိုင်း သစ်ပင်တစ်ပင်ကိုသာ အနိုင်ကျင့်ချင်သည်. နံရံကိုတော့ အနိုင်မကျင့်ချင်ပေ.
'အသက် ၅၀ အရွယ်ယောက်ျားတစ်ယောက်! သူက အသက် ၅၀ နှောင်းပိုင်းလို့တောင်ပြောတာ'
လတ်တလောမှာ သူမလက်ထပ်ဖို့ စဉ်းစားခဲ့ပြီး အမှန်တရားကတော့ သူမထင်ထားတာထက် ရက်စက်သည်. သူမနဲ့သက်တူရွယ်တူယောက်ျားတစ်ယောက်လောက်ကို လက်ထပ်ဖို့ စဉ်းစားခဲ့ပေမဲ့ လက်တွေ့မှာတော့ သူမကို လက်ထပ်ဖို့ စိတ်ဝင်စားတဲ့သူက အသက်ကြီးနေတဲ့ မုဆိုးဖို ဒါမှမဟုတ် ကိုယ်လက်အင်္ဂါမပြည့်စုံတဲ့သူတွေဖြစ်သည်.အာဏာရှိပြီး ချမ်းသာကြွယ်ဝတဲ့ ယောက်ျားတစ်ယောက်က ငယ်ရွယ်တဲ့ မိန်းကလေးတွေကို ရွေးချယ်လက်ထပ်နိုင်ပေမဲ့ အမျိုးသမီးတစ်ယောက်အတွက်တော့ မတူညီချေ. Poliana က လူငယ်တစ်ယောက်ကို လက်ထပ်ချင်တာတော့မဟုတ်ပေ. ဒီလူက ဆင်းရဲတာပဲဖြစ်ဖြစ် သာမာန် လူတန်းစားပဲဖြစ်ဖြစ် သူမ ဂရုမစိုက်ပေ. စစ်ပွဲကြောင့် ခြေလက်တွေပြတ်နေရင်တောင်မှ သူမ ဂရုမစိုက်ပေ. ဒီလူက စိတ်ကောင်းရှိကာ ကြင်နာတတ်တဲ့သူဖြစ်ရင် ရပြီ.
ဒါပေမဲ့ အသက် ၅၀ အရွယ်လူတစ်ယောက်? ပြီးတော့ မြေးတွေပါ ရှိနေပြီးသားလူတစ်ယောက်!
'သူက မြေးတွေတောင်ရှိပြီးနေပြီ! နောက်ထပ်လက်ထပ်ဖို့လဲ စိတ်မဝင်စားတော့ဘူး! ဒါဆို Lady Bika က ဘာလို့ ငါ့ကို သူနဲ့တွေ့ခိုင်းနေရတာလဲ?! ဘာလို့ အဲ့လူကို တစ်ယောက်တည်း လွှတ်မထားရတာလဲ?!'
YOU ARE READING
Emperor and the Knightness (Unicode) Book - 1
RomanceRead Complete Novel in English at https://wuxiaworld.site/novel/the-emperor-and-the-knightess/ and ongoing Manga at https://zinmanga.com/manga/emperor-and-the-female-knight-the-king-and-his-knight/