အခန်း ၃၉

440 77 0
                                    

Acreian စစ်သည်တွေရဲ့ လူသစ်ကြိုဆိုပွဲက ထင်ထားသလိုပဲ ကြမ်းတမ်းသည်. စစ်သားတွေက ကြမ်းတမ်းပြီးတော့ ချစ်ခြင်းမေတ္တာကင်းမဲ့ကြတယ်လို့ ပြောကြတယ်.

အမဲလိုက်သမားတွေ အများစုရှိနေတဲ့ Acreian စစ်တပ်ကတော့ ပိုတောင်ဆိုးသေးတယ်.. ဒီအမဲလိုက်သမားတွေမှာ သူတို့ကိုယ်ပိုင် ရိုးရာနည်းလမ်းတွေ သီးသန့်ရှိကြသည်

ဥပမာအနေနဲ့ အမဲလိုက်သမားအသစ်တွေကို နှင်းမုန်တိုင်းတိုက်နေတဲ့အချိန်မှာ ယုန် ဖမ်းခိုင်းတာ, ဓါးမြှောင်သေးသေးလေးနဲ့ ဒရယ် ဖမ်းခိုင်းတာမျိုးလုပ်ခိုင်းတတ်ကြသည်

ညဉ့်နက်လာတာနဲ့အမျှ Poliana နဲ့ Sir Donau တို့ရဲ့ ကြိုဆိုပွဲက ပိုပြီးတော့ ဆိုးလာသည်. ရာသီဥတုအေးတာကြောင့် Acreia တွေက တော်တော်လေး အရက်သောက်နိုင်ကြသည်

အရင်တုန်းက ပြင်ပနေရာမှာလုပ်တဲ့ ကြိုဆိုပွဲတွေမှာ သေဆုံးသွားတဲ့အဖြစ်မျိုးတွေရှိကြသည် သူတို့ကို အရက်တွေ ဆက်တိုက်လောင်းချတာကြောင့် အေးခဲကာ သေသွားကြသည်.
နောက်ပိုင်းမှာတော့, ဧကရာဇ်က လူတွေအဓိပ္ပါယ်မရှိသေဆုံးသွားကြတာမျိုး မဖြစ်စေချင်တဲ့အတွက် ကြိုဆိုပွဲတွေကို အဆောက်အဦးအတွင်း အခန်းတွင်းများတွင်သာ လုပ်ခိုင်းသည်

သူတို့တွေက အခုလုံခြုံစိတ်ချရပြီဖြစ်တာကြောင့် Lucius က ရိုးရာကြိုဆိုပွဲလုပ်ရန် ခွင့်ပြုပေးခဲ့သည်. နောက်ထပ် သူခွင့်ပြုပေးလိုက်ရတဲ့အကြောင်းအရင်းကတော့ ဧကရာဇ်က ဒီလိုရိုးရာပွဲအကြောင်းကို သိချင်တာကြောင့်ဖြစ်သည်

Lucius က မင်းသားတစ်ပါးအနေနဲ့မွေးဖွားလာခဲ့ပြီး အမွေဆက်ခံသူဖြစ်လာကာ နောက်တော့ အသက်ငယ်ငယ်လေးမှာပင် ဧကရာဇ်ဖြစ်လာခဲ့သည်. သူက စစ်သည်တွေရဲ့ ရိုးရာကြိုဆိုပွဲကို ကြားဖူးပေမဲ့ တစ်ခါမှတော့ မကြုံဖူးပေ တကယ်လို့ သူတို့က Acreia မှာ ဆိုရင်တော့ ဒီပွဲကို ပိုပြီးတော့ ပျော်စရာကောင်းအောင် လုပ်ကြမှာပဲဖြစ်သည်

ဒါပေမဲ့ အခု‌တော့ သူတို့က စစ်ပွဲအလယ်မှာ ဖြစ်တာကြောင့် သူတို့က ပွဲဖြစ်ရုံသာလုပ်လိုက်ကြသည်. သူတို့အတွက် ကံကောင်းတာက Lucius က သဘောထားကြီးမြတ်တာကြောင့် စတိုခန်းထဲက အရက်တွေကို စိတ်ကြိုက်ယူခွင့်ပြုထားသည်

Emperor and the Knightness (Unicode) Book - 1Where stories live. Discover now