Poliana မြို့ထဲမှာ ဦးတည်ရာမဲ့လျှောက်သွားနေပြီး တခြားစစ်သည်တွေနဲ့ Sir Ainno ရဲ့ စစ်သည်တွေကို နှုတ်ဆက်လိုက်သည်. သူတို့က ဘား သွားကြမှာဖြစ်ပြီး သူတို့နဲ့အတူလိုက်ခဲ့ဖို့ သူမကို ဖိတ်ခေါ်လိုက်သည်. Poliana က သူတို့ကို ကန့်ကွက်တဲ့အကြည့်နဲ့ ကြည့်လိုက်ပြီး
"မင်းတို့က နေ့လည်ခင်းကြီး သောက်ကြမလို့လား?"
"ရာသီဥတုက အရမ်းပူတယ်လေ Sir Pol!"
"ဟုတ်တယ်.. အရမ်းပူတယ်!"
လူတွေက စောဒကတက်လိုက်ကြပေမဲ့ သူတို့တွေက တစ်ယောက်နဲ့တစ်ယောက် ပခုံးတွေ ဖက်ထားကြသည်. သူတို့တွေ နီးနီးကပ်ကပ်ရှိနေတာကို မြင်ရတာနဲ့တင် Poliana က ချွေးပျံလာသည်. စစ်သည်တွေက အရမ်းရင်းနှီးကြပုံရသည်. Sir Ainno ရဲ့ အထူးတပ်ဖွဲ့မှာ ပါသွားတည်းက Sir Mahogal နဲ့ Sir Howe တို့က အရမ်းရင်းနှီးသွားကြသည်. အရင်တုန်းက ကိုယ်ရံတော်တွေက အရမ်းအလှအပကြိုက်တဲ့သူတွေလို့ Sir Howe က ပြောခဲ့ပြီး Sir Howe က အရမ်းဆူညံလို့ သဘောမကျဘူးလို့ ပြောခဲ့တဲ့ Sir Mahogal တို့က အခုတော့ သူငယ်ချင်းကောင်းတွေ ဖြစ်လာကြသည်
Poliana က ဒီလူတွေနဲ့ သွားသောက်ဖို့ စိတ်မပါတာကြောင့် သူမက ငြင်းဆန်လိုက်သည်. စစ်သည်တွေက သူတို့ဦးတည်ရာကို ဆက်သွားလိုက်ကြပြီး Sir Donau က အဖွဲ့ထဲကနေ လွတ်မြောက်ဖို့ ကြိုးစားနေသည်. ဒါပေမဲ့ Sir Howe က သူ့ကို လျင်မြန်စွာနဲ့ ဖမ်းလိုက်သည်.
Donau က ငြင်းဆန်နေသည်.
"ကျွန်တော်မသောက်ချင်ဘူးလို့ ပြောနေတာကို!"
"မင်းက ငယ်ပြီးတော့ ရိုးသားလွန်းတယ်. မင်းကဘာမှမသိသေးဘူး. ငါတို့ မင်းကို ပိုကောင်းတဲ့ယောက်ျားတစ်ယောက်ဖြစ်လာအောင် သင်ပေးမယ်"
"GYAAA!!"
Poliana က သူမဘာသာတွေးလိုက်သည်
'အမ်..သူရေရောထားတဲ့အရက်တွေသောက်ရတာကိုတောင် မကြိုက်ခဲ့တာ.. အချိန်တွေကုန်မြန်လိုက်တာ'
Sir Donau က ဘယ်အချိန်ကစပြီးအရက်သောက်ဖို့ ငြင်းဆန်ခဲ့တာလဲ? အချိန်တွေက တကယ့်ကို ကုန်မြန်တာပဲ.. Poliana က နောက်ကြောင်းပြန်ကြည့်ကာ အတိတ်ကို သတိရလိုက်သည်. အခု သူမက အသက် ၃၀ ရှိပြီ. သူမ Lucius နဲ့ ပထမဆုံးတွေ့ခဲ့တဲ့အချိန်ကနေဆို အခု ၁၀ နှစ်ရှိပြီ. အဲ့အချိန်ကစပြီး သူမ ဘယ်တုန်းကမှ နောက်လှည့်မကြည့်ခဲ့ချေ. သူက နေ့တိုင်း အနာဂါတ်အတွက အကောင်းဆုံးကြိုးစားခဲ့သည်
![](https://img.wattpad.com/cover/244578906-288-k218273.jpg)
YOU ARE READING
Emperor and the Knightness (Unicode) Book - 1
RomanceRead Complete Novel in English at https://wuxiaworld.site/novel/the-emperor-and-the-knightess/ and ongoing Manga at https://zinmanga.com/manga/emperor-and-the-female-knight-the-king-and-his-knight/