အခန်း ၆၂

408 81 4
                                    

Bikpa မင်းသမီးက တော်ဝင်မျိုးနွယ်စစ်စစ်ဖြစ်တယ်. ဆိုလိုတာက Lucius နဲ့အတူအိပ်နိုင်လောက်အောင် သူမမျိုးရိုးကကောင်းမွန်တယ်. သူမနဲ့အတူ တစ်ညလောက်ကုန်ဆုံးပြီးကာမှ သူမကို သေဒဏ်ပေးလဲရသည်

ဧကရာဇ်က ဆက်ပြီးတော့ တိတ်ဆိတ်နေသည်. Poliana က သူ့ကျောပေါ်မှာပဲ ရှိနေသေးပေမဲ့ သူ့ခန္ဓာကိုယ်က တောင့်တင်းသွားတာကို သူမခံစားလို့ရသည် အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးတဲ့နောက် Lucius က မေးလိုက်သည်

"မင်းအဲ့တာကိုအခုထိ မှတ်မိနေသေးတာလား, ဟမ်?"

အမြဲတမ်း ယုံကြည်မှုအပြည့်ဖြစ်နေတတ်တဲ့ ဧကရာဇ်ရဲ့အသံဟာ အနည်းငယ်တုန်ယင်နေသည်

"ကျွန်မ ဘယ်လိုလုပ်မေ့နိုင်မှာလဲ အရှင်?"

"အော်.."

သူ တိတ်တဆိတ်သက်ပြင်းချလိုက်သည်. သူအနေ့နဲ့ Sir Ainno ကို အရူးလုပ်လို့ရနိုင်ပေမဲ့ Poliana ကိုတော့ အရူးလုပ်လို့မရနိုင်ပေ

"နားထောင် Sir Poliana. ငါတို့ပထမဆုံးတွေ့တဲ့အချိန်တုန်းက... အဲ့တာ ငါ့အမှားပါ. အမှားတစ်ခုဖြစ်ခဲ့တာ. ပြီးပြည့်စုံတဲ့အောင်ပွဲဖြစ်ဖို့ ဆန္ဒတွေကြောင့် ငါကန်းခဲ့တာ.  ငါဘာအမှားမှမရှိဘူးလို့ ငါ့ကိုယ်ငါယုံလောက်တဲ့အထိ မိုက်မဲခဲ့တယ်. ငါမှားခဲ့တာပါ"

Poliana က သူ့စကားတွေကို နားလည်နိုင်သည်.

'အော်..'

သူမဧကရာဇ်က အမြဲတမ်းတိကျသေချာပြီးတော့ ကိုယ့်ကိုကိုယ်ယုံကြည်မှုခဲ့တာ. ဒါပေမဲ့ သူလဲ လူသားတစ်ယောက်ပဲလေ. နယ်မြေစသိမ်းတုန်းက သူက အသက် ၂၀ သာရှိသေးတဲ့ လူငယ်တစ်ယောက်ဖြစ်သည် အခု နှစ်အနည်းငယ်ကြာပြီးချိန်မှာတော့ သူက အရွယ်ရောက်ပြီးသား ယောကျာ်းတစ်ယောက်ဖြစ်ခဲ့ပြီ. သူရင့်ကျက်လာခဲ့ပြီ. သူအခု ပြောင်းလဲသွားခဲ့ပြီ

"ဒါဆို အခု အရှင်က မကန်းတော့ဘူးပေါ့"

"ဟင်..."

Lucius က သက်ပြင်းထပ်မချမိဖို့ ကိုယ့်ကိုကိုယ်ကြိုးစားရပ်တန့်လိုက်သည်. Poliana က သူမဧကရာဇ် ဘာတွေဖြစ်ခဲ့လဲဆိုတာကို နားလည်ပေးနိုင်သည်. သူတို့ပထမဆုံးတွေ့တဲ့အချိန်တုန်းက ဖြစ်ခဲ့တာက သူ့အမှားဆိုတာကို သူမ သဘောတူသည်. သူတောင်းပန်ဖို့လိုအပ်ပေမဲ့ သူက ဧကရာဇ်တစ်ပါးလေ. ဒီစကားကိုဆက်ပြောနေရင် Lucius က သူမကို တကယ်ပဲ တောင်းပန်လာမလား?

Emperor and the Knightness (Unicode) Book - 1Where stories live. Discover now