အခန်း ၉၅

343 53 0
                                    

Lucius နဲ့ သူ့လူတွေဟာ ပြဿနာတစ်စုံတစ်ရာမရှိပဲ Acreia နယ်စပ်ကို ရောက်လာခဲ့သည်. Acreian လူတွေက သူတို့ရဲ့ အောင်ပွဲရဧကရာဇ်ကို ကြိုဆိုဖို့ စုဝေးလာကြသည်.

ကြိုဆိုတဲ့အခမ်းအနားက နယ်စပ်ကနေ တော်ဝင်ရဲတိုက်တည်ရှိတဲ့ Nanaba မြို့တော်အထိ ဆက်တိုက်ရှိနေသည်. Acreian တွေက သူတို့အုပ်ချုပ်သူအတွက် ဂုဏ်ယူနေကြပြီး သူ့စစ်တပ်ကိုလဲ ပန်းတွေကြဲကာ ကြိုဆိုကြသည်


ဧကရာဇ်ရဲ့အာဏာက သူ့လူတွေအပေါ် ဘယ်လောက်လွှမ်းမိုးမှုရှိလဲဆိုတာနဲ့ တိုက်ရိုက်အချိုးကျသည်. Lucius က သူ့စစ်သားတွေ သူတို့မြို့တွေကို စောစောပြန်နိုင်အောင်လို့ ခွင့်ပြုပေးခဲ့သည်. မြို့တော်နားနေတဲ့ စစ်သည်တွေကသာ ရဲတိုက်အထိ သူ့နောက်ကို လိုက်ကြမှာ ဖြစ်သည်. မြို့တော်နဲ့ဝေးတဲ့ နေရာမှာ နေထိုင်ကြတဲ့ စစ်သည်တွေကလဲ သူတို့ဧကရာဇ်နောက်ကို လိုက်ချင်ကြပေမဲ့ သူတို့မွေးရပ်မြေက ကြိုဆိုမှုတွေနဲ့တင် သူတို့က ကျေနပ်လိုက်ကြသည်.

အမျိုးသမီးတွေက သူတို့ခင်ပွန်းတွေ, သားတွေ,မြေးတွေ, အစ်ကိုတွေနဲ့ အဖေတွေကို ရှာဖို့ ထွက်လာကြသည်. သူတို့နဲ့မရင်းနှီးတဲ့ သူတို့အဖေတွေက ချီလိုက်ကြတော့ ကလေးငယ်တွေက ငိုလာကြသည်. လူတိုင်းက ပြုံးရယ်ကာ ပျော်ရွှင်နေကြသည်.

"Sir Rabi မင်းက ရှေ့ကနေ ဦးဆောင်ပါ"

"ကျေးဇူးတင်ပါတယ်အရှင် ကျွန်တော်အရမ်းဂုဏ်ယူမိပါတယ်"

Nanaba ကို မရောက်ခင်မှာ Luciusနဲ့ သူ့စစ်သည်တွေက နီးစပ်ရာ ရွာတစ်ခုမှာ ရပ်တန့်လိုက်ကြသည် သူတို့က မြို့တော်ထဲဝင်ချိန် စစ်အောင်ပွဲအခမ်းအနား စစ်ရေးပြအစီအစဉ်ကို စီစဉ်လိုက်ကြသည်. ပုံမှန်အားဖြင့်တော့ စစ်ပွဲတစ်ပွဲက ရဲတိုက်အပြင်ဘက်မှာ ပြုလုပ်တဲ့ စစ်ထွက်ပွဲနဲ့ စတင်ပြီး ရဲတိုက်ကိုပြန်ရောက်လာတဲ့အချိန် စစ်အောင်ပွဲပြုလုပ်ကာ စစ်ပွဲကို အဆုံးသတ်သည်. ဒါပေမဲ့ ဒီနယ်မြေသိမ်းတိုက်ပွဲကိုတော့ Lucius က လျှပ်တစ်ပြက်တိုက်ခိုက်ဖို့ ရည်ရွယ်ခဲ့တာကြောင့် ဒီအလေ့အထကို ကျော်လွှားလိုက်သည်. သူတို့က Nanaba ရဲတိုက်ထဲမှာပဲ စစ်ထွက်ပွဲအခမ်းအနားကို အကျဉ်းချုံးလုပ်ခဲ့တာဖြစ်သည်. အဲ့အချိန်တုန်းက Sir Rabi က ဦးဆောင်ခဲ့ပြီး အခု အချိန်မှာလဲ ဒီအခွင့်ကို ထပ်ရလိုက်သည်. အခမ်းအနားနှစ်ခုလုံးကို ဦးဆောင်ခွင့်ရတာက ကြီးမားတဲ့ဂုဏ်ပြုမှုဖြစ်သည်.

Emperor and the Knightness (Unicode) Book - 1Where stories live. Discover now