အခန်း ၁၅၂

283 42 2
                                    

Rebecca က စကားတွေအများကြီးပြောလိုက်တာကြောင့် အားကုန်သွားခဲ့တာလား? Poliana နဲ့ စကားပြောပြီးချိန်မှာတော့ Rebecca ရဲ့ အဖျားက ပိုဆိုးသွားခဲ့သည်. Rebecca အိပ်မောကျသွားချိန်မှာတော့ Poliana က အခန်းထဲကနေထွက်လာခဲ့ပြီး သူမကိုယ်တိုင်လဲ မောပန်းနေသလို ခံစားလိုက်ရသည်. သူမနောက်က တံခါးကို ပိတ်ပြီးချိန်မှာတော့ Frau က အပြင်ဘက်မှာ စောင့်နေတာကို တွေ့လိုက်ရသည်.

"မင်း ဒီမှာရှိနေသေးတာလား?"

"ကျွန်တော် ခင်ဗျားကို စောင့်နေတာပါ Marquess"

ပုံမှန်အားဖြင့်ဆိုရင်တော့ အမျိုးသမီးတစ်ယောက်အနေနဲ့ ဒီအမျိုးသားက ဘာလို့ သူမကို စောင့်နေတာလဲ ဆိုပြီးတော့ သိချင်မှာဖြစ်ပေမဲ့ Poliana ကတော့ ရှင်းရှင်းပဲတွေးလိုက်သည်. Poliana က သူ့ကိုတွေ့ရတာ ပျော်သွားပုံရပြီး Frau ကတော့ ဒီလိုဖြစ်လာမယ်ဆိုတာကို မျှော်လင့်ထားပြီးဖြစ်ပေမဲ့ Poliana က သူ့ကို ပြောလာတဲ့စကားကြောင့် သူက စိတ်ပျက်သွားသည်.

"အတော်ပဲ, Lady Rebecca က ပိုဆိုးလာပုံပဲ မင်းသူမကို ထပ်ကြည့်ပေးဖို့လိုနေတယ်"

".. ကောင်းပါပြီ.. ဂရုစိုက်ပြီးသွားပါနော် Marquess Winter"

Frau က စိတ်ထဲမပါတဲ့ နှုတ်ဆက်စကားကို ပြောလိုက်ရတာဖြစ်ပေမဲ့ Poliana က သတိမပြုမိပေ. သူမက စကားတစ်ခွန်းမှ ထပ်မပြောပဲ ထွက်သွားခဲ့သည်.

Lady Rebecca နဲ့ စကားပြောတာက Poliana ထင်ထားတာထက် ပိုကြာသွားခဲ့ပုံရသည်. သူမက ပင်ပန်းနေတာကြောင့် အိပ်ယာထဲကို ချက်ချင်းသွားချင်နေပြီး အခုအချိန်မှာ သူမရုံးခန်းကို ပြန်သွားလိုက်ရင် သူမရဲ့ ကိုယ်ရံတော်တွေထဲက တစ်ယောက်ယောက်က သူမကို နှောင့်ယှက်လာနိုင်သည်.

ဒါကြောင့် သူမက ရဲတိုက်နေထွက်လာကာ အိမ်ကို တန်းပြန်သွားလိုက်သည်.

သူမကို နှုတ်ဆက်ကြိုဆိုဖို့ လူတစ်ယောက်မှ မရှိပေမဲ့ သူမရဲ့ အစေခံတွေကတော့ မီးလင်းဖိုကို အဆင်သင့်ဖြစ်အောင် ပြင်ပေးထားခဲ့သည်. သူမကို စောင့်ဆိုင်းနေတဲ့ မိသားစုမရှိပေမဲ့ ရေချိုးဖို့ ရေနွေးတွေနဲ့ သူမအတွက် အစားအသောက်တွေကလဲ အဆင်သင့်ဖြစ်နေသည်. သူမရဲ့အိမ်တော်ထိန်းက ဒီနေ့ရောက်လာတဲ့ စာတွေကို သူမဆီကို လာပေးပြီးတော့ ထွက်သွားခဲ့သည်. Poliana က ရေကို အချိန်ယူပြီးချိုးလိုက်ကာ နောက်ကျနေတဲ့ ညစာကို စားလိုက်သည်. သူမက စာတွေတစ်ထပ်ကြီးကို ကြည့်လိုက်ပြီး ဒီစာတွေက Sir Rabi နဲ့ Sir Baufallo ရဲ့မိသားစုက ပို့လာတဲ့ စာတွေ ဖြစ်တာကိုတွေ့လိုက်တော့ သူမပြုံးလိုက်သည်.

Emperor and the Knightness (Unicode) Book - 1Where stories live. Discover now