အခန်း ၆၀

381 70 0
                                    

Acreian လူတွေဖျက်ဆီးခဲ့သမျှထဲမှာ အဆိုးဆုံးက ဒီခန်းမထဲမှာဖြစ်ခဲ့သည်. စစ်သည်အများစုက ဒဏ်ရာပြင်းပြင်းထန်ထန်ရလိုက်ပြီး သေဆုံးသူအနည်းငယ်လဲရှိခဲ့သည်.  အလောင်းတွေနဲ့ ဒဏ်ရာရသူတွေကို အပြင်ကို သယ်သွားကြသည်.

သွေးတွေပြည့်နေတဲ့ ကြမ်းပြင်ပေါ်မှာတော့ Bikpa တိုင်းပြည်က တော်ဝင်မိသားစုတွေနဲ့ အထက်တန်းလွှာတွေက ဒူးထောက်နေကြသည်. သူတို့ကို ကြိုးတုပ်ထားကြသည်
တစ်ချို့တွေက ငိုယိုကာအသနားခံနေကြသည်. မင်းသမီးကတော့ အခုထိ ထိတ်လန့်နေဆဲဖြစ်ပြီး အသိပြန်မဝင်သေးချေ. သူမဘေးနားမှာတော့ အကူတွေက ဝန်းရံထားပြီး သူမက အကြိမ်များစွာအန်နေပြီး သတိလက်လွတ်ဖြစ်နေသည် အထက်တန်းလွှာကအမျိုးသမီးအများစုကလဲ မင်းသမီးလိုပဲ တူညီတဲ့အခြေအနေမှာရှိနေသည်


Lucius က ဘုရင့်ကို မေးလိုက်တယ်

"မင်းအပြစ် မင်းသိပြီလို့ ငါထင်တယ်"

"အပြစ်? ဘာအပြစ်လဲ? မင်း! မင်းသာ အပြစ်ကျူးလွန်ခဲ့တဲ့သူ! မင်းသာ ဉာဏ်များတဲ့ကောင်! မင်းက ဒီတိုက်ကြီးတစ်ခုလုံးကို မငြိမ်မသက်ဖြစ်အောင်လုပ်ခဲ့တာ! မင်းက ဆောင်းတွင်းမှာပဲစစ်တိုက်ရမယ်ဆိုတဲ့ စည်းမျဉ်းကိုချိုးဖောက်ခဲ့တာ! ငါတို့က ရာသီဥတု ၃ ခုလုံးမှာ အေးအေးချမ်းချမ်းနဲ့ လုံလုံခြုံခြုံနေခဲ့ရတာ အခုတော့ မင်းကြောင့် လူတွေက တစ်နှစ်ပတ်လုံးကြောက်ရွံ့ပြီး နေနေရတာ! အားလုံးက မင်းကြောင့်ပဲ! မင်းက ကမ္ဘာကြီးကို ဖျက်ဆီးခဲ့တာ!"


Sir Ainno က ဘုရင့်ကို ကန်ဖို့ လှုပ်ရှားလိုက်ပေမဲ့ Lucius က သူ့ကို တားလိုက်သည်

သူက ပြန်ဖြေလိုက်တယ်

"နာမကျန်းမှုတွေ, သေဆုံးမှုတွေ, သဘာဝဘေးအန္တရာယ်တွေ.. ဒီအရာတွေက အမြဲတမ်း ငါတို့ကို ခြောက်လှန့်နေခဲ့ပြီးသားပဲ. ဆောင်းတွင်းမှာပဲ စစ်တိုက်ရမယ်ဆိုတဲ့ စည်းမျဉ်းကလဲ တရားဝင်သတ်မှတ်ထားတာမှမဟုတ်တာ ပြီးတော့ ငါမချိုးဖောက်ရင်လဲ တစ်ယောက်ယောက်ကချိုးဖောက်မှာပဲ"

Gali က နှုတ်ခမ်းတွန့်လိုက်သည်

"မင်းက အရူး! သတ္တိမရှိတဲ့ကောင်! အာဏာရူး!"

Emperor and the Knightness (Unicode) Book - 1Where stories live. Discover now