Poliana က သူမယာယီတည်းခိုဖို့နေရာနဲ့ ပတ်သက်ပြီးတော့ ရွေးချယ်ရာမှာ အခြေအနေတွေ သတ်မှတ်ထားတာရှိသည်. ပထမအချက်က လက်ထပ်ထားတဲ့သူဖြစ်ရမယ်. ဒုတိယအချက်က သူမနေဖို့ အဆင်ပြေလောက်တဲ့ အိမ်ကြီးကြီးရှိရမယ် Nanaba က Acreia ရဲ့ မြို့တော်ဖြစ်တာကြောင့် ဒီမှာနေတဲ့သူတွေက အရမ်းချမ်းသာတဲ့ သာမာန်လူတန်းစား ဒါမှမဟုတ်ရင် ချမ်းသာတဲ့ အထက်တန်းလွှာတွေပဲဖြစ်သည်
Sir Bentier က သင့်တော်တဲ့လူဖြစ်သည်. ဒါပေမဲ့ သူမ မေးလိုက်တော့ သူက ဒုက္ခတွေ့တဲ့ပုံဖြစ်သွားသည်.
"ငါ့နေရာမှာ နေရာလွတ်တွေရှိတာတော့ ဟုတ်ပါတယ်. ဒါပေမဲ့ ငါ့နေရာမှာနေလိုက်ရင် ရန်သူ့စခန်းထဲရောက်နေသလို ဖြစ်မနေဘူးလား Sir Poliana?"
"oh... ဟုတ်သားပဲ"
Sir Bentier ရဲ့ ရဲတိုက်က Sir Seeze ရဲ့ နေရာလဲဖြစ်သည်. Poliana က အကြီးအကဲတွေကို ရှောင်ချင်လို့ တော်ဝင်ရဲတိုက်မှာ မနေတာဖြစ်သည်. Sir Bentier ရဲ့ အိမ်မှာ သွားနေလိုက်တာက ခြင်္သေ့ဂူထဲသွားတာနဲ့ အတူတူပဲဖြစ်သွားလိမ့်မည်
'ငါထင်တာထက် ပိုရှုပ်တာပဲ'
သူမ ရဲတိုက်အပြင်မှာပဲ တဲထိုးနေလိုက်ရင်ရော? သူမကိုယ်တိုင်အတွက်တော့ ကိစ္စမရှိပေမဲ့ ဒါကလဲ ဟုတ်တော့ မဟုတ်သေးပေ. သူမက ဧကရာဇ်ရဲ့ တော်ဝင်ကိုယ်ရံတော်ဖြစ်ပြီး ဧကရာဇ်ကို ကိုယ်စားပြုသည်. လူတွေက ဒီကိစ္စကြောင့် သူမဧကရာဇ်ကို ပြောဆိုလာနိုင်သည်.သူမလက်လျော့တော့မဲ့အချိန်မှာပဲ Sir Rabi က သူမဆီကို ရောက်လာသည်.
"ငါ့နေရာကိုလိုက်ခဲ့လေ!. မင်းက အိမ်မရှိဘူးမလား?"
"ကျွန်မမှာ အိမ်ရော ရဲတိုက်ရော ရှိတယ်. ကျွန်မက အိမ်ခြေမဲ့မဟုတ်ဘူး"
"ငါ့မှာလဲ ရဲတိုက်ရှိပါတယ်ဟ!"
Sir Rabi က Poliana တစ်ယောက်တည်းကို ဖိတ်ခေါ်ခဲ့တာမဟုတ်ပေ. မြို့တော်မှာ နေစရာရှာမရတဲ့ စစ်သည်တွေကို သူ့အိမ်ကို ဖိတ်ခေါ်လိုက်သည်. ဒါက အရမ်းသဘောထားကြီးတဲ့ အပြုအမူဖြစ်သည်.Poliana က မေးလိုက်သည်.
"ရှင့်မိန်းမက အဆင်ပြေပါ့မလား?"
YOU ARE READING
Emperor and the Knightness (Unicode) Book - 1
RomanceRead Complete Novel in English at https://wuxiaworld.site/novel/the-emperor-and-the-knightess/ and ongoing Manga at https://zinmanga.com/manga/emperor-and-the-female-knight-the-king-and-his-knight/