အခန်း ၁၄၆

292 40 5
                                    

Lucius တစ်ယောက် ဘာတွေစဉ်းစားနေလဲဆိုတာကို အဖြေရဖို့အတွက် Sir Ainno က မိနစ် ၃၀ လောက် အချိန်ယူလိုက်ရသည်. သူအဖြေရသွားတော့ Sir Ainno က စိတ်ရှုပ်စွာနဲ့ ဧကရာဇ်ကို ခေါင်းအုံးနဲ့ ကောက်ပေါက်လိုက်သည်. Sir Ainno က မြင်းပေါ်ကျပြုတ်ကျပြီး သူ့ရဲ့အမျိုးသားအစိတ်အပိုင်း ထိခိုက်မိသွားတာဖြစ်သည်.

မြင်းပေါ်က ပြုတ်ကျတာနဲ့ အဲ့နားကို ထိခိုက်မိမယ်လို့ ဘယ်သူက သိမှာလဲ?

Poliana နဲ့ အခန်းထဲကလူတွေက သူ့ရဲ့ရယ်စရာကောင်းတဲ့အခြေအနေကို မရယ်ပဲ မနေနိုင်ချေ. ဧကရာဇ်ကလဲ သူ့ရဲ့ အကောင်းဆုံးသူငယ်ချင်းကို လှောင်ပြောင်ရယ်မောနေသည်. တစ်ချို့လူတွေက ရယ်လွန်းအားကြီးလို့ မျက်ရည်တောင်ကျလာတာကြောင့် Sir Ainno က ပိုပြီးတော့ ဒေါသထွက်လာသည်. သူက သူ့ခေါင်းအုံးတွေနဲ့ လူတွေကို ပစ်ပေါက်နေပြီး Poliana က Lucius ရှေ့တွင် ရပ်လိုက်ကာ သူ့ကို ကာကွယ်ပေးလိုက်သည်.

"ထွက်သွားကြ!"

Sir Ainno က ထအော်လိုက်ပြီး အဆုံးမှာတော့ သူ့သမားတော်က လူနာအနေနဲ့ အနားယူဖို့လိုကြောင်း ပြောကာ အခန်းထဲကလူတွေကို မောင်းထုတ်လိုက်သည်.

ဧကရာဇ်က အားရကျေနပ်နေဟန်ပေါက်နေပြီး Poliana ကို ပြောလိုက်သည်.

"ငါ့ဆန္ဒတွေက နောက်ဆုံးတော့ ပြည့်လာပြီပဲ"

"ဒါပေမဲ့ အရှင့်ဆန္ဒက တိုက်ကြီးတစ်ခုလုံးကို သိမ်းပိုက်ဖို့လို့ ထင်ခဲ့တာ အရှင်"

"ငါ့မှာ ဆန္ဒနှစ်ခုရှိတယ်. Inno တစ်ယောက် တစ်ရက်ရက်မှာ ပြုတ်ကျပြီးတော့ မျက်နှာမှာ ဒဏ်ရာ ရသွားတာပဲဖြစ်ဖြစ် နှာခေါင်းရိုးကျိုးသွားတာပဲဖြစ်ဖြစ် ဖြစ်သွားဖို့ ငါအမြဲဆုတောင်းနေတာ. ဒါပေမဲ့ သူပြုတ်ကျတာ ရှားတယ်. ပြီးတော့ သူက အရမ်းသတိရှိတော့ ပြုတ်ကျရင်လဲ သူ့ခြေထောက်ပေါ် ကောင်းကောင်းပြန်ရပ်နိုင်တယ်လေ. နောက်ဆုံးတော့ ဒီလိုရက်မျိုးရောက်လာခဲ့ပြီပဲ! ဟားဟားဟားဟား!"

"အရှင် အရမ်းကျေနပ်နေတဲ့ပုံပဲ"

"ငါတစ်ယောက်တည်းမဟုတ်ပါဘူး. မင်းလဲ အရမ်းပျော်နေပုံရတယ် Sir Pol"

Emperor and the Knightness (Unicode) Book - 1Where stories live. Discover now