Frau က Poliana ကို စောင့်ခိုင်းမိသလိုဖြစ်မိသွားတဲ့အတွက် အလျင်အမြန်တောင်းပန်လိုက်သည်. Poliana က သူမလက်ကို ရမ်းလိုက်ကာ သူတို့ချိန်းထားတဲ့အချိန်ထက် သူမက စောရောက်လာတာဖြစ်လို့ တောင်းပန်စရာမလိုကြောင်း ပြောလိုက်သည်. Poliana က မေးလိုက်သည်
"မင်းအိမ်က ဘယ်ဘက်မှာလဲ?"
Frau က ရဲတိုက်နားမှာ နေထိုင်လိမ့်မယ်လို့တော့ Poliana မထင်ပေ. သူက ရဲတိုက်နားမှာ နေထိုင်ဖို့ တတ်နိုင်မဲ့သူမျိုး မဟုတ်ပေ. သူမရဲ့မြင်းနဲ့ သူ့ကို တင်ခေါ်သွားဖို့ စဉ်းစားလိုက်ပေမဲ့ Frau က သူမ မထင်ထားတဲ့ အဖြေကို ပေးလာခဲ့သည်.
"ကျွန်တော့်အိမ်လိုမျိုး နိမ့်ကျတဲ့နေရာကို Marquess Winter ကို ဘယ်ခေါ်လို့ဖြစ်ပါ့မလဲ. ကျွန်တော် စားသောက်ဆိုင်မှာ နေရာကြိုမှာထားပါတယ်.."
Frau ရဲ့ တုန့်ဆိုင်းနေပြီး သတ္တိမရှိတဲ့ အပြုအမူကြောင့် Poliana က စိတ်ရှုပ်လာသည်. တကယ်လို့ သူသာ သူမရဲ့လူတွေထဲက တစ်ယောက်ဖြစ်ခဲ့ရင်တော့ သူ့ရဲ့အားနည်းတဲ့ပုံစံကြောင့် သူ့ကို ဆူပူကြိမ်းမောင်းမိမှာ ဖြစ်သည်. Frau က စစ်သည်လေ့ကျင့်ရေးမှာ ဘာလို့ ကျရှုံးခဲ့လဲဆိုတာကို သူမ နားလည်သွားသည်.
'အင်း.. စားသောက်ဆိုင်..'
ဧည့်သည်တွေကို သူတို့ရဲ့အိမ်မှာပဲ တည်ခင်းဧည့်ခံတာက ထုံးစံဖြစ်သည်. စားသောက်ဆိုင်ကို သွားတာက Poliana က အသစ်အဆန်းဖြစ်နေသည်. အထက်တန်းလွှာတွေက သူတို့အိမ်က ဘယ်လောက် ကောင်းကြောင်းနဲ့ သူတို့စားဖိုမှူးတွေ ဘယ်လောက်တော်ကြောင်း ကြွားလုံးထုတ်ဖို့အတွက် ဧည့်သည်တွေကို သူတို့အိမ်တွေဆီကို ဖိတ်ကြတာဖြစ်သည်. ချမ်းသာတဲ့ အထက်တန်းလွှာတိုင်းက သူတို့ဆီမှာ ကိုယ်ပိုင်ကျွမ်းကျင်စားဖိုးမှူးတွေရှိကြသည်. သူတို့က အကောင်းဆုံးဟင်းချက်စရာတွေကို တတ်နိုင်တာကြောင့် ဧည့်သည်တစ်ယောက်ကို စားသောက်ဆိုင်ကို ဖိတ်ကြားတာက ရှားပါးဖြစ်စဉ် ဖြစ်သည်.
သာမာန်လူတန်းစားတွေတောင်မှ စားသောက်ဆိုင်ကို သိပ်ပြီး သွားလေ့သွားထမရှိပေ. Aehas မှာဆိုရင် ဟင်းချက်ပစ္စည်းတွေက ဈေးကြီးတာကြောင့် စားသောက်ဆိုင်ကို သွားတာက ပိုပြီး အကုန်အကျများကာ. အိမ်မှာပဲ ချက်ပြုတ်တာက ပိုပြီးတော့ အကုန်အကျသက်သာသည်.
YOU ARE READING
Emperor and the Knightness (Unicode) Book - 1
RomanceRead Complete Novel in English at https://wuxiaworld.site/novel/the-emperor-and-the-knightess/ and ongoing Manga at https://zinmanga.com/manga/emperor-and-the-female-knight-the-king-and-his-knight/