အခန်း ၁၀၄

333 39 0
                                    

Lucius က လူငယ်လေးဖြစ်နေဆဲမှာ Duke Luzo က သက်လတ်ပိုင်းလူလိုဖြစ်နေသည်.

ဧကရာဇ်က သူ့ညီဝမ်းကွဲကို ပြောလိုက်သည်.

"မင်းသွားပြီး လွတ်လွတ်လပ်လပ်ပျော်ပျော်ပါးပါးနေလေ"

"ကျွန်တော် အားမရှိတော့ဘူး. ဒီစားသောက်ပွဲနဲ့ စစ်ရေးပြပွဲကြောင့် ကျွန်တော်အရမ်းပင်ပန်းနေပြီ"

ဧကရာဇ်က Duke အတွက် စိတ်မကောင်းဖြစ်နေသည်. Acria ရဲ့ အကောင်းဆုံး သတို့သားလောင်းနှစ်ယောက်က သူတို့ထိုင်ခုံတွေမှာပဲထိုင်နေကြကာ စားသောက်နေကြသည်.  သူတို့နားကို ရောက်လာတဲ့ လူအနည်းငယ်နဲ့သာ စကားပြောပြီး အပျင်းပြေအောင်လုပ်နေကြသည်. သူ့အဖိုးနဲ့ ဆွေမျိုးတွေရဲ့နှိပ်စက်တာကိုခံနေရတဲ့ Sir Bentier က နောက်ဆုံးမှာတော့ လွတ်မြောက်သွားကာ Lucius ဆီကို သွားလိုက်သည်.

ဧကရာဇ်က Sir Bentier ကို မေးလိုက်သည်.

"မင်းအမျိုးသမီးရော?"

"ကျွန်တော်တို့ကလေးက အရမ်းငယ်သေးတော့ သူမက မလာတော့ဘူးတဲ့"

အထက်တန်းလွှာအမျိုးသမီးအများစုက ကလေးတွေနဲ့ လက်ပွန်းတတီးနေလေ့မရှိပေ. သူတို့ကလေးတွေကို ထိန်းဖို့ ကလေးထိန်းတွေအများကြီးရှိတာကြောင့် အထက်တန်းလွှာ အမျိုးသမီးတစ်ယောက်အနေနဲ့   နှစ်တစ်နှစ်ရဲ့ အကြီးကျယ်ဆုံးပွဲကို မတက်ရောက်တာက ထူးဆန်းတဲ့ကိစ္စဖြစ်သည်. Sir Bentier ရဲ့ ဇနီးက သူမကလေးနဲ့ အရမ်းရင်းနှီးတာဖြစ်လိမ့်မယ်လို့ Lucius ကတွေးလိုက်သည်.

ဧကရာဇ်ကိုယ်တိုင်ကလဲ အရင်ဧကရီဟောင်းဖြစ်တဲ့ သူ့အမေနဲ့ အရမ်းရင်းနှီးသည်. သူက အသက်ငယ်ငယ်လေးနဲ့ သူ့အမေကို ဆုံးရှုံးလိုက်ရပေမဲ့ သူမအသက်ရှင်နေတုန်းက သူ့ကို အရမ်းချစ်ခဲ့တာကိုတော့ သူမှတ်မိနေသေးသည်.

Lucius က Sir Bentier ကို တောင်းပန်သလိုပြောလိုက်သည်.

"မင်းဇနီးနဲ့ ကလေးက မင်းအဖိုးနဲ့အဖေကိုမဟုတ်ပဲ မင်းကို အရင်ဆုံးတွေ့ချင်မှာပဲဆိုတာ ငါအသေအချာပြောနိုင်တယ်. မင်းဘဝက အရမ်းဝမ်းနည်းဖို့ကောင်းတာပဲ"

Sir Bentier က နူးညံ့စွာနဲ့ပြုံးလိုက်ကာ ပြန်ဖြေလိုက်သည်.

"ကျွန်တော်အဆင်ပြေပါတယ် အရှင်.  အိမ်မှာ ကိုယ့်ကို စောင့်နေတဲ့သူတစ်ယောက်မှမရှိတဲ့ လူတွေထက်စာရင်တော့ တော်ပါသေးတယ်"

Emperor and the Knightness (Unicode) Book - 1Where stories live. Discover now