Lucius မှာ သူ့အနာဂါတ်အတွက် ကြီးမားတဲ့ ရည်မှန်းချက်ရှိတယ်.
သူ့အဖေသေဆုံးသွားတော့ သူက အသက်ငယ်ငယ်နဲ့ ထီးနန်းကို ဆက်ခံလိုက်ရသည်. သူအရွယ်ရောက်လာတာနဲ့ သူက တိုင်းပြည်ကို သူ့ညီဝမ်းကွဲလက်ထဲအပ်ကာ တောင်ဘက်ကို ထွက်လာခဲ့သည်.
သူက Aehas နဲ့ Kukda တိုင်းပြည်တွေကို အချိန်တိုအတွင်းမှာ သိမ်းယူနိုင်ခဲ့သည်
မြောက်ပိုင်းမှာ သိမ်းယူဖို့ ကျန်ရှိနေတာက Bebero ဖြစ်ပြီးတော့ ဒီတိုင်းပြည်ကို သိမ်းယူဖို့အတွက် သူက Koemong မြစ်ကို ဖြတ်ရမှာ ဖြစ်တယ်
"Bentier ဘယ်တော့ရောက်မလဲ?"
"လေးရက်နေရင်ရောက်ပါမယ် အရှင်"
ဒုတိယတပ်မှူး Sir Bentier က Kukda မှာ အုပ်ချုပ်သူအဖြစ် ကျန်နေခဲ့တာဖြစ်သည်. သူ့လူတွေကို ခေါ်ပြီးတော့ ဧကရာဇ်ဆီလာခဲ့ဖို့ အမိန့်ပို့ထားသည် ဒီစစ်သားတွေရောက်လာတာက သူတို့လက်ရှိအခြေအတွေအတွက် အဖြေမဟုတ်ပေမဲ့လဲ Lucius က တခြားဟာကို စဉ်းစားလို့မရသေးဘူး အနည်းဆုံးတော့ လူများရင် ပိုကောင်းတဲ့ အစီအစဉ်တွေရလာနိုင်မယ်လို့ သူတွေးထားသည်
အခုအချိန်က နွေရာသီကိုရောက်လာပြီး သူတို့ မြစ်ကမ်းနားမှာ စခန်းချနေတာ ၅ လရှိခဲ့ပြီဖြစ်သည် ရာသီဥတုက အရမ်းပူလာပြီးတော့ စစ်သားတွေက နွေရာသီဝတ်စုံကို ဝတ်ထားကြသည်
Sir Baufallo က သူတို့ဒီမှာရှိနေစဉ်အတွင်း ကူးစက်ရောဂါ နဲ့ ကပ်ရောဂါတွေ ဖြစ်မလာအောင် ဂရုစိုက်နေသည် သူ့စည်းကမ်းတွေက အရမ်းတင်းကြပ်ပြီးတော့ ရေကို မကျိုချက်ရသေးပဲ မသောက်ခိုင်းဘူး
မြစ်ရေက မြင့်တက်လာတာကြောင့် Acreian စစ်သားတွေက စစ်စခန်းကို အနောက်ကို ဆုတ်ထားရသည်. သူတို့ဆီကို နောက်ထပ်မြှားတွေ ကျောက်တုံးတွေ ထပ်ရောက်မလာနိုင်တော့ပေ
Bebero စစ်သားတွေက Acreian စစ်သားတွေလုပ်ခဲ့သလိုမျိုး လျှပ်တစ်ပြက်တိုက်ခိုက်တာမျိုးမလုပ်ကြဘူး. အဲ့အစား သူတို့က သူတို့ကာကွယ်ရေးကို အင်အားဖြည့်တင်းနေသည်
သူတို့အနေနဲ့ Lucius က လက်မလျော့တာကို သတိပြုမိခဲ့သည်.. သူတို့က မြစ်ကမ်းတစ်လျှောက်မှာ သစ်သားတံတိုင်းတွေဆောက်လုပ်လာကြတာကြောင့် Acreians စစ်သားတွေက စိတ်ရှုပ်လာကြသည် ကျောက်တုံးနံရံတွေမဟုတ်ပေမဲ့လဲ သစ်သားတံတိုင်းတွေက ကောင်းမွန်တဲ့ အတားအဆီးတစ်ခုဖြစ်တယ်
YOU ARE READING
Emperor and the Knightness (Unicode) Book - 1
RomanceRead Complete Novel in English at https://wuxiaworld.site/novel/the-emperor-and-the-knightess/ and ongoing Manga at https://zinmanga.com/manga/emperor-and-the-female-knight-the-king-and-his-knight/