အခန်း ၁၂၀

332 40 8
                                    

Poliana ကို လူတွေကြည့်တဲ့အကြည့်က ခိုးကြောင်ခိုးဝှက်နိုင်ကာ ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်နေတာနဲ့ တူနေသည်. သူမကတော့ သူတို့ကို ရှိတယ်လို့ သဘောမထားပေ. ဒီကို သူမလာရတဲ့အကြောင်းအရင်းကတော့ ရိုးရှင်းသည်.

အဲ့တာက သူမရဲ့ဧကရာဇ် Lucius ကြောင့်ပဲဖြစ်သည်.


ဧကရာဇ်အနောက်မှာ ကိုယ်ရံတော်အဖြစ် လူနှစ်ယောက်က မတ်တပ်ရပ်နေသည်. တစ်ယောက်ကတော့ Sir Wook ဖြစ်ပြီး တခြားတစ်ယောက်ကိုတော့ မမြင်ဖူးပေ. အဲ့တာက လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်းမှာ Duke Luzo ရဲ့ ကိုယ်ရံတော်ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ Sir Ainno ရဲ့ညီလေး Sir Jainno ဖြစ်မည်ဟု Poliana က ယူဆလိုက်သည်.

Poliana က ဧကရာဇ်ကို မဦးညွှတ်ခင်မှာပဲ Lucius က မတ်တပ်ရပ်လိုက်တာကြောင့် သူတို့ဘေးက လူတွေက အထိတ်တလန့်နဲ့ ရေရွတ်လိုက်ကြသည်.

"ငါ့ရဲ့ အနှစ်သက်ဆုံးစစ်သည်လေး"

"အရှင်. ကျွန်မကို ဖိတ်ကြားတဲ့အတွက် ဂုဏ်ယူမိပါတယ် အရှင်"

ဧကရာဇ်က အမျိုးသမီးစစ်သည်ကို ကိုယ်တိုင်ကိုယ်ကျနှုတ်ဆက်နေတာကြောင့် တခြားအထက်တန်းလွှာက လူတွေက စိတ်ပျက်နေကြသည်. ဒါပေမဲ့ Poliana ကတော့ ဂရုမစိုက်ပေ. ဒီလူတွေက သူတို့အကြည့်တွေနဲ့ သူမကို သတ်လို့ရတာမှ မဟုတ်ပဲ. သူတို့စိတ်ကြိုက် ကြိုက်သလို ကြည့်လို့ရပေမဲ့ သူတို့က သူမကို အောက်ကို မဆွဲချနိုင်ပေ.

Lucius ရဲ့ အပြုံးတွေက တောက်ပနေသည်. ဒီအခန်းထဲကလူတွေထဲမှာ သူက အချောဆုံးလူဖြစ်ပြီးတော့ သူမဧကရာဇ်အတွက် Poliana က ဂုဏ်ယူဝံ့ကြွားနေသည်. ဧကရာဇ်က သူမကို ပြောလိုက်သည်.

"ဒီနေ့က မင်းရဲ့နောက်ဆုံးအားလပ်ရက်ပဲ Sir Pol, ဒါကြောင့် မင်းအလုပ်ပြန်တက်တဲ့အထိမ်းအမှတ်အနေနဲ့ ငါက ဒီညစာစားပွဲကို စီစဉ်ပေးခဲ့တာ. မင်းက ဒီနေ့ညရဲ့ သူရဲကောင်းဆိုတော့ မင်းပျော်ပျော်ပါးပါးဖြစ်ဖို့ ငါမျှော်လင့်တယ်"


တရားဝင်ဘွဲ့ထူးနဲ့ ရာထူးမရှိသေးတဲ့ စစ်သည်တစ်ယောက်အတွက် ညစာစားပွဲကို ကျင်းပပေးတာက မကြားဖူးသေးတဲ့ကိစ္စဖြစ်သည်. သူမနဲ့ပတ်သက်ပြီး မကောင်းတဲ့သတင်းတွေကလဲ ရှိနေသေးသည်. သူမက ဧကရာဇ်ရဲ့မိန်းမဖြစ်တယ်ဆိုတဲ့သတင်းကို ယုံနေကြသူတွေကလဲ ရှိသည်. သူမကို ရုပ်ဆိုးတယ်လို့ ပြောနေကြတဲ့လူတွေလဲရှိပေမဲ့ ဒီကိစ္စတွေကို သူမဂရုစိုက်စရာမလိုပေ.

Emperor and the Knightness (Unicode) Book - 1Where stories live. Discover now