တောင်ပိုင်းဒေသမှာတော့ နိုင်ငံတွေအများကြီးရှိသည်. အများစုက နိုင်ငံငယ်တွေဖြစ်ကြပြီး သူတို့ထဲက တစ်ခုတည်းသော နိုင်ငံကြီးက Pucachi ဖြစ်သည်.
တောင်ပိုင်းဒေသရဲ့ ဆောင်းရာသီ, Pucachi
Pucachi ဘုရင်က Lucius ဆီက စာချွန်လွှာကို ဒေါသတကြီးနဲ့ ချေမွလိုက်ကာ အော်လိုက်သည်"တောင်ပိုင်းဒေသမှာ ဒီအရူးတွေသိမ်းလို့ရမှာဆိုလို့ Gora မြစ်ပဲဖြစ်လိမ့်မယ်"
ဒါပေမဲ့ လူတွေအံ့ဩသွားကြတာက Pucachi ကို အများကြီးတိုက်ခိုက်စရာမလိုပဲ သိမ်းပိုက်နိုင်လိုက်တာ ဖြစ်သည်. အရမ်းလွယ်ကူလွန်းလို့ Sir Bentier က ထောင်ချောက်လို့ထင်သွားကာ သူ့လူတွေကို ရပ်တန့်ခိုင်းလိုက်ရသည်
Pucachi ကို အမြန်သိမ်းပိုက်နိုင်လိုက်ပေမဲ့ Lucius က မပျော်ဘူးဖြစ်နေသည်. သူက တွေဝေနေပြီး
"ဘာတွေလဲ? ဘာလို့ Pucachi က တောင်ပိုင်းဒေသရဲ့ဆောင်းရာသီလို့ ခေါ်ကြတာလဲ? အကုန်အလိမ်အညာတွေချည်းပဲ!"
Lucius က တိုင်းပြည် ၃ခုကို သိမ်းပိုက်ချိန်ကြာမြင့်ခဲ့တာကြောင့် တောင်ပိုင်းဒေသအနေနဲ့ စစ်အတွက် ပြင်ဆင်ဖို့ အချိန်အများကြီးရှိခဲ့သည်. လက်တွေ့ကျကျပြောရရင် Aehas နဲ့ Kukda ကို Lucius သိမ်းလိုက်ပြီးတည်းက စစ်အတွက် ပြင်ဆင်မယ်ဆိုရင်တောင် Pucachi အတွက် လုံလောက်တဲ့အချိန် ဖြစ်သည်. ဒါပေမဲ့ တောင်ပိုင်းဒေသက တိုင်းပြည်တွေက သူတို့စစ်အင်အားကို အထင်ကြီးကာ မာနကြီးနေခဲ့သည်. နောက်ဆုံးမှာတော့ Pucachi ကို တိုက်ခိုက်စရာမလိုလိုက်ပဲ သိမ်းပိုက်နိုင်လိုက်သည်
Pucachi ကျဆုံးသွားတာကြောင့် တောင်ပိုင်းဒေသက နိုင်ငံငယ်လေးတွေက လက်နက်ချ သဘောတူညီချက်မှာ လက်မှတ်ထိုးကာ အညံ့ခံလာကြသည်. တစ်ချို့တွေက အမျိုးသမီးတွေကိုပါ ကမ်းလှမ်းလာကြပြီး. သူတို့ သနားကြင်နာဖို့ မျှော်လင့်နေကြသည်Pucachi ကို သိမ်းပြီးရင် ခဏနားဖို့ Lucius က စီစဉ်ထားပေမဲ့ တခြားတိုင်းပြည်တွေက သံတမန်တွေနဲ့ အလုပ်များနေခဲ့သည်. သူက ဒီသံတမန်တွေကို နှုတ်ဆက်ကာ သဘောတူညီချက်အတွက် ညှိနှိုင်းမှုတွေ လုပ်နေရသည်.
YOU ARE READING
Emperor and the Knightness (Unicode) Book - 1
RomanceRead Complete Novel in English at https://wuxiaworld.site/novel/the-emperor-and-the-knightess/ and ongoing Manga at https://zinmanga.com/manga/emperor-and-the-female-knight-the-king-and-his-knight/