part-1

116K 4.6K 540
                                    

(Zawgyi)🍓🍓🍓🍓🍓

Part-1

ကျွန်တော့် နာမည်က မင်းဝသန်။ မိဘတွေက
မရှိတော့ဘူး။ ပြောရမယ် ဆိုရင် ကိုယ့်...
ခြေထောက်ပေါ် ကိုယ် ရပ်တည်နေတဲ့
သူ ဖြစ်သည်။

ကျွန်တော် တစ်ယောက်ထဲလဲ အဆင်ပြေ
ပါတယ်လေ ကိုယ့်အား ကိုယ်ကိုး နိုင်တာပေါ့။

ကျွန်တော့် အကြောင်းတွေ ကတော့ များများ
စားစား မရှိပေ။  နောက်ဆုံးနှစ် ကျောင်းသား၊ အားတဲ့အချိန်လေးတွေမှာ 24 hr market
လေးမှာ အချိန်ပိုင်း အလုပ်လုပ်တယ်။

မိဘတွေ လက်ထက်က ထားထားခဲ့တဲ့
အိမ်လေး တစ်လုံး ရှိနေတော့ စားဖို့သောက်ဖို့
လေး နည်း နည်း ရှာလျှင်ပင် အဆင်ပြေနေပြီ
ဖြစ်သည်။

အမှန်တော့ ဝသန် အတွက် အလုပ်မလုပ်ဘဲ
နေလျှင်ပင် မိဘများ လက်ထက်က...
ထားခဲ့သော အမွေ များစွာဖြင့် အေးဆေးစွာပင်
ထိုင်စား၍ ရသော အခြေအနေ ပင် ဖြစ်သည်။

ဒါပေမယ့်၊ ဝသန် ကိုယ်တိုင်က ကိုယ့်အားကိုယ်ကိုး
ချင်သော သူ ဖြစ်သည်။ ထို့ပြင် လူငယ် ဘဝကို လက်တွေ့ဆန်ဆန်၊ ပေါ့ပေါ့ပါးပါး ရိုးရှင်းစွာ
ဖြတ်သန်း ချင်သည်..။ 

ထို့ကြောင့် ကျောင်းက သူတွေ သိကြတာတော့
ဆင်းရဲတဲ့ သာမာန်ကျောင်းသားလေး။
သူမ အပါအဝင်ပေါ့...။

သူမဆိုတာက ဝသန် ရဲ့ တစ်ဦးတည်းသော
သူငယ်ချင်း။ အင်း ပြောရရင်တော့ တစ်ဖက်သက် 
ချစ်ရတဲ့ ကောင်မလေး ပေါ့ဗျာ..။

ဝသန် ကျောင်းပြီးသော တစ်နေ့ကျရင်တော့
သူမကို ဖွင့်ပြောမည်။ သူမနှင့် အတူ နှစ်ကိုယ်တူ
ဘဝကြီး ထူထောင်မည်။

ချစ်စရာ သားသား မီးမီးလေး ‌တွေ မွေးမည်။
ပျော်စရာ ကမ္ဘာလေး တစ်ခုဖန်တီးမည်။

ကျွန်တော့် ရဲ့ နတ်သမီးလေး နာမည်က
လေပြေသွေးတဲ့။ ကျွန်တော့် ရဲ့ အကောင်းဆုံး လက်ဆောင်မွန်လေး။

ဒါပေမယ့် ဘဝ ဆိုတာကြီးက ထင်ထားသလောက် မရိုးရှင်းခဲ့ပေ။ အထူးသဖြင့် ကျွန်တော့် လို
တစ်ကောင်ကြွက် တစ်ယောက်အတွက်ပေါ့။

Second Chance(System) [Completed]Where stories live. Discover now