Arc-8.17(Real Life/Final)

19.5K 1.8K 385
                                    

(Zawgyi)

Arc-8.17

ဆက်လျှံ အကောင်ပေါက်လေးအား လက်တစ်ဖက်ဖြင့် ဖက်ထားရင်း မိမိအား လာရောက် အရို အသေပြုကာ ဂုဏ်ပြုစကား ပြောနေသည်များကို နားထောင်ပေးနေရင်း တုန့်ပြန်စကား အချို့ကိုလည်း ပြောနေရသည်။

သုံးလောကအရှင်သည် ယနေ့တွင် အလွန် စိတ်ကြည်နေပုံရသည်။ ပုံမှန်အချိန်များတွင် မျက်နှာ သေဖြင့် ရှိနေတတ်သော သုံးလောက အရှင်၏ ရှားပါးလှသော အပြုံးများနှင့် နွေးထွေးလွန်းသော မျက်ဝန်းများကြောင့် နတ်မင်းများသည် မိမိတို့၏ ကိုယ်ပိုင် မျက်လုံးများကို ပွတ်သပ်ကာ ထိုသူသည် မိမိ တို့၏ သုံးလောကအရှင် အစစ် ဟုတ်မှဟုတ်ရဲ့လားဟု ပြန်စစ်ဆေးမိကြသည်။

ဆက်လျှံ နတ်မင်းအချို့နှင့် စကားပြောနေစဉ် မိမိဘက်သို့ တစ်ဖြည်းဖြည်း မှီကျလာသော အကောင်ပေါက်လေး၏ ကိုယ်လုံး သေးသေးလေးကြောင့် ခေါင်းအနည်းငယ် စောင်းကာ ကြည့်လိုက် တော့ မျက်တောင်လေးများ စင်းကာ အိပ်ငိုက်နေသော အကောင်ပေါက်..။

ဆက်လျှံ နှုတ်ခမ်း ထောင့်စွန်းနှစ်ခုလုံး တွန့်ကွေးသွားရကာ သွားစွယ်လေးများပင် ပေါ်အောင် သဘောတကျ ရီလိုက်မိသည်။ မိမိအပြစ်ပင် အကောင်ပေါက်လေးသည် ကျောပြင်အား ပွတ်သပ်ပေး တိုင်း အိပ်ပျော်သွားလေ့ ရှိသည်ကို မေ့ကာ မိမိလက်များသည် အသားကျနေသော အပြုအမူများ ကဲ့သို့ ပင် အကောင်ပေါက်လေး၏ ကျောပြင်လေးအား ပွတ်သပ်ပေးလိုက်မိခြင်း ဖြစ်သည်။

ဆက်လျှံ အကောင်ပေါက်လေး ၏ မျက်နှာအနားသို့ ငုံ့ချလိုက်ကာ ကလေးလေးအား ချော့မြူသော ပုံစံဖြင့် ပြောလိုက်သည်။

"အကောင်ပေါက်လေး.. မအိပ်နဲ့ဦးလေ..!!.."

ဆက်လျှံ အိပ်ငိုက်နေသော အကောင်ပေါက်လေး၏ ပါးဖောင်းဖောင်းတစ်ဖက်ကို အသာဆွဲကာ ပြောလိုက်ခြင်း ဖြစ်သည်။ သို့သော် ဆက်လျှံ လက်အား အိပ်ချင်မူးတူး ရုပ်လေးဖြင့် ဆွဲယူလိုက်ကာ ရင်ခွင်ထဲ ပိုက်ကာ ပြန်အိပ်သွားသော အကောင်ပေါက်ကြောင့် ဆက်လျှံ အသံထွက်အောင်ပင် ရီမိသည်။

"အဟက်..!!..အကောင်ပေါက်လေး ကတော့လေ..."

အကောင်ပေါက်လေး၏ အပြုအမူများမှာ တစ်နေ့တစ်ခြား ချစ်စရာ ကောင်းလွန်းလာသောကြောင့် ဆက်လျှံ အကောင်ပေါက်လေးအား ဘယ်သူမှ မမြင်နိုင်အောင်သာ ဖွက်ထားချင်မိသည်။ အခြားသူ တစ်ယောက်သာ အကောင်ပေါက်လေး၏ ချစ်စရာကောင်းမှုများကို မြင်ခဲ့ပါက ထိုသူအား ဆက်လျှံ အဆုံးသတ် ပြစ်မိပေလိမ့်မည်။

Second Chance(System) [Completed]Tahanan ng mga kuwento. Tumuklas ngayon