Arc-1.5

29.6K 3.2K 101
                                    

(Zawgyi)🍓🍓🍓🍓🍓

Arc-1.5

လေပြေနု ၏ ခပ်သော့သော့ တိုက်ခတ်နေခြင်းက ဝသန် စိတ်အား လန်းဆန်း စေသည်။အရင် ဝသန်နေခဲ့တဲ့  Y မြို့တော် မှာဆို ဒီလိုလေနုအေး အရသာ ရဖို့မလွယ်။

တိုက်တာ အဆောက်အဦး အမြင့်များ၊ စက်ရုံလုပ်ငန်း များ ကြောင့် အစိမ်းရောင် ဟူသောပတ်ဝန်းကျင် ကို နေရာတိုင်း တွေ့ရဖို့ မဖြစ်နိုင်။

ဝသန် မြို့မှ ပြန်လာ သော လမ်းတစ်လျောက်ရှိ ရှုခင်းများ ကို ငေးရင်း..။

"အစ်ကို ဇော်ထူး ပြန်နှင့်ဗျာ ကျွန်တော်ကြာကန်နား ခဏထိုင်ချင်လို့ "

ဇော်ထူး မဆိုင်းမတွပင် ပြန်ဖြေလိုက်သည်။

"ကျွန်တော်စောင့်ပေးမယ်လေ..."

"ရပါတယ်ဆိုဗျာ ရွာနဲ့နီးနေပြီကို စိတ်ချနော်...နော်.."

ဇော်ထူး အမှန်တိုင်း ပြောရရင် လုံးဝစိတ်မချပါ။သို့သော် ဒီရွာတွင် အစ်ကိုလေးအား ထိရဲသူ မရှိသောကြောင့် က တစ်ကြောင်း အစ်ကိုလေးကို မလွန်ဆန်ချင်သော စိတ်ကြောင့်တစ်ကြောင်း ထွက်လာခဲ့သည်။

ငွားငွားစွင့်စွင့် ပွင့်လန်း နေသော ကြာဖြူများနှင့် နေဝင် ဆည်းဆာ အချိန်ကလိုက်ဖက်နေသလို။

ကြာကန် ဘေး ကန်ဘောင်တွင် အတွေးနစ်နေသော လူငယ်လေး တစ်ယောက် ကြောင့်ဘဲမြင်ကွင်းက ပိုမိုတင့်တယ်နေလေသည်။

တစ်စုံတစ်ယောက်သာ ဤမြင်ကွင်းအားမြင်ပါက မသေမျိုး တစ်ယောက် များလူ့ပြည်သို့ လမ်းမှား လာလေသလား
ထင်မည်မှာ အမှန်ပင်။

သူတစ်ပါးနေရာတွင် ဝင်ရောက်နေထိုင်ရသည်က လွယ်ကူမနေချေ။ မင်းဒီလမ်းကို လျောက်ရမယ် မင်းသေလိမ့်မယ်၊ မသေချင် ကိုယ့်ဘာသာ ရှောင်ဆိုတဲ့ ဇာတ်ကြီးအတိုင်းဖြတ်သန်း နေရခြင်းဖြစ်သည်။

ဝသန် သေရမှာ ကြောက်တယ်။ ရှင်သန်ချင်လို့လဲ မိုးနတ်မင်း နဲ့ စာချုပ် ချုပ်ဆိုခဲ့ခြင်း။ကြိုးစား ရှင်သန်ရမှာ ပေါ့လေ ကျွန်တော် ကလွယ်လွယ် လက်လျော့တတ်သူမှမဟုတ်တာ။

"ဒိုင်း..!!.."

သေနတ်သံ ကြားလိုက် ရသောကြောင့် ဝသန်ခေါင်းထောင် သွား မိ သည်။ ခေတ်ကြီး ကကောင်းတာ မဟုတ် တောကြောင်တွေ ကလဲသောင်းကျန်း နေသေးသည်။

Second Chance(System) [Completed]Wo Geschichten leben. Entdecke jetzt