Arc-7.4(Testing Life 2)

19.7K 2.2K 83
                                    

(Zawgyi)

Arc-7.4

မိုးသောက်.. ဝသန် ဆိုသောသူအားမမြင်ဖူးပါ။ သို့သော် ချစ်ရသူအား မျက်ရည်ကျ စေသောသူ ဖြစ် သောကြောင့် ထိုသူအား မမြင်ခင်ကပင် အမြင်မကြည်လင်ပါ။ လက်အောက်မှ တပည့်အချို့အား ခေါ်ကာ အမိန့်ပေးလိုက်သည်။

"မနက်ဖြန် ဝသန် ဆိုတဲ့သူကို သွား ဆုံးမလိုက်...!!."

"ဟုတ်ကဲ့ သခင်လေး..!!.."

မိုးသောက် မျက်ဝန်းများမှိတ်ကာ အနားယူရန်လုပ်လိုက်သည်။ မိုးသောက် စိတ်ကူးထဲတွင် လေပြေနှင့် မိုးသောက် က ပျော်ရွှင်စရာ မိသားစုဘဝလေး တည်ထောင်နေသည်တဲ့။

-------------------

ဝသန် အိပ်ယာမှ နိုးနေပြီ ဖြစ်သော်လည်း မျက်လုံး မဖွင့်ချင်သေးသောကြောင့် ဘေးရှိ ဖက်လုံး တွင် မျက်နှာအပ်ပြီး လက်တစ်ဖက်ဖြင့် ဖက်လုံးအား တင်းကြပ်အောင် ဖက်လိုက်ကာ ခြေတစ်ဖက်ပါ တင်၍ ခွထားလိုက်သည်။ ဝသန့် ပုံစံမှာ ဝါးပင်ကို ဖက်တွယ်ထား သော ကိုအာလာဝက်ဝံလေး သဖွယ်။ 

 ယနေ့မှ ဝသန့် ဖက်လုံးသည်အနည်းငယ်မာနေ သလိုပင်..။ သေချာ သတိထားကြည့်တော့ မိမိ ဖက်လုံး သည် အသက်ရှူနေသလို...။ ဝသန် မျက်ဝန်းများ ပြူးကျယ်ကာ လန့်သွားရသည်

^^ငါ့ ဖက်လုံးက အသက်ဝင်နေတာလား...!!....^^

ဝသန် အလန့်တကြားဖြင့် အိပ်ယာပေါ်မှ အတင်းထရန် လုပ်လိုက်သော်လည်း မရ။ မိမိ ကျောပြင် အား ခပ်ဖွဖွ ပွတ်သပ်ပေးလာသော လက်တစ်ဖက် နှင့်အတူ...

"ကျွတ်...ကျွတ်..ကျွတ် .~~...စောသေးတယ်နော် ပြန်အိပ်ဦး..."

တစ်ယောက်ထဲ နေသည်မှာ ကြာပြီဖြစ်သောကြောင့် ဆက်လျှံ အိမ်တော်တွင် နေ နေသည်အား ဝသန် မေ့သွားခြင်းဖြစ်သည်။ ထို့ပြင်... ဒီကောင် ငါလေးကို ကလေးလို့ ချော့သိပ် လိုက်တာလား တကျွတ် ကျွတ် တောင် စုတ်သပ်ပြီးလေ..!!..။

ဝသန် စိတ်တိုတိုဖြင့် မိမိအား ကလေးလိုဆက်ဆံပြုမူနေသော ဆက်လျှံ အား ရန် တွေ့ချင် သော်လည်း မိမိကျောပြင်အား ငြင်သာစွာပွတ်သပ်ပေးနေသော လက်ဖဝါးကြီး ၏ အနွေးဓာတ်ကြောင့် နဂို အိပ်ချင်စိတ် မပြေသေးသော ဝသန့် မျက်လုံးများ တဖြည်းဖြည်း မှေးစင်းလာကာ ပြန်အိပ်ပျော် သွားရသည်...။

Second Chance(System) [Completed]Where stories live. Discover now