Arc-6.14(Testing Life 1)

18.2K 2.1K 210
                                    

(Zawgyi)

Arc-6.14

"sorry~!!..."

Roy ဓာတ်လှေကားမှအထွက် မိမိအား ဝင်တိုက်လာသော ကောင်မလေးတစ်ဦး။ လူကြီး လူကောင်း ဆန်စွာပင် မိမိဘက်မှ အရင်တောင်းပန်စကား ပြောလိုက်သည်။

"ပန်းချီဘက်က မှားတာပါရှင်။ ဒီကလူကြီးမင်း မမှားပါဘူး..။ အင်တာဗျူးဖြေဖို့ နောက်ကျမှာ ဆိုး လို့ပါ တောင်းပန်ပါတယ်..."

မိမိအား ဦးညွတ်ကာ တောင်းပန်လာသော ကောင်မလေး အသိအမှတ်ပြုသော အနေဖြင့် ခေါင်း တစ်ချက်ငြိမ့်ပြလိုက်မှသာ သွားလိုရာအား ထွက်သွားလေသည်။ 

မိမိ အမှားအား တောင်းပန်ရဲသော ထိုကောင်မလေး၏ ပုံစံကြောင့် Roy ချီးကျူးမိသည်။ ယနေ့ခေတ်တွင် အသေးအမွှားကိစ္စများ ကိုပင် တာဝန်မယူဘဲ အခြားသူအား လွှဲချတတ်သော လူငယ်များ များသည်လေ..။

ခါးလည်ခန့်ရှိသာ ဆံပင်ရှည်များကို အမြင့်မြှောက်ကာ စီးနှောင်ထားသည်။ ရှပ်အကျ ပန်းရောင် လေးအား လက်ခေါက်ကာ ဂျင်းနက်ပြာလေးဖြင့် ရိုးစင်းစွာ တွဲဖက်ဝတ်ဆင်ထားသည်။

 ကြည်လင်နေ သော မျက်ဝန်းများနှင့် ထိုကောင်မလေးအား ကြည့်ကာ Roy အတွေး ပေါ်သွားရသည်။ ကလေးလေး အနားမှာ ဒီလို သူမျိုးရှိရင် ကောင်းမည်...။

ပန်းချီ သခင်လေး M အကူအညီကြောင့် ဝိုင်နီ ဆိုသောသူ အတွင်းရေးမှူး လိုကြောင်း သိခဲ့ရသည်။ မိမိနာမည်အား တိမ်ပန်းချီမှ သွေးပန်းချီဟု ပြောင်းကာ Y Ltd တွင် အလုပ် လျောက်ရန်လုပ်ခဲ့သည်။ မိမိနာမည်အား ထိုသို့ပြောင်းလဲခဲ့ခြင်းမှာ ဖေဖေ့ အတွက် သွေးကြွေး အား မမေ့ရန်ဖြစ်သည်။

ပန်းချီ Company သို့အရောက်တွင် သူတစ်ဦးအား ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။ လူကြီးလူကောင်း ဆန်စွာ အရင်တောင်းပန်စကား ပြောလာသော ထိုသူ။ မိမိ အမှား ဖြစ်သောကြောင့် ထိုသူအား တောင်းပန် စကားဆိုကာ အင်တာဗျူးဖြေရန် ထွက်လာခဲ့သည်။

အတွင်းရေးမှူးများအား အင်တာဗျူးမည့် သူများအားကြည့်ကာ ပန်းချီ စိတ်ပျက်သွားရသည်။ CEO ဖြစ်နိုင်သော သူမပါသောကြောင့်ဖြစ်သည်...။ ဘေးမှ တစ်ယောက်အား လှမ်းမေးရန်ဆုံးဖြတ်လိုက် သည်။

Second Chance(System) [Completed]Where stories live. Discover now