Arc-7.11(Testing Life 2)

19.6K 2.3K 183
                                    

(Zawgyi)

Arc-7.11

လေပြေ စိတ်တွင်း မတင်မကျ ဖြစ်နေရသည်။ အကြောင်းမှာ ဦးဝင်းမောင်တို့ လူစုနှင့် ဝသန်သည် ပျောက်ခြင်းမလှ ပျောက်သွားသောကြောင့်ပင်..။ လက်လွန်သွားသောကြောင့် အလောင်းဖျောက် လိုက် ကြသည်လား..?..။ 

ထိုသို့ဖြစ်ခဲ့ပါက လေပြေ အတွက် ပိုကောင်းသော ကိစ္စပင်..။ အဘယ်ကြောင့်ဆိုသော် လေပြေ ဦးဝင်းမောင်တို့အတွက် စီစဉ်ပေးခဲ့သော အခန်းထဲတွင် CCTV တပ်ထားသောကြောင့်ပင်..။

ဦးဝင်းမောင်တို့ လေးဦးလုံးသည် မရိုးရှင်းကြသော သူများဖြစ်မှန်း လေပြေ ခန့်မှန်းမိသည်။ ထို့ ကြောင့် ထိုသူများအား ထိန်းချုပ်နိုင်ရန် ဝှက်ဖဲတစ်ခု ဖန်တီးထားခြင်းဖြစ်သည်။

 လေပြေ မိမိ၏ စေ့စပ် သေချာမှုအား ကျေနပ်စွာပြုံးကာ CCTV မှတ်တမ်းအား စစ်ဆေးရန် လုပ်လိုက်သည်။ လေပြေ မျက်ဝန်း များ မည်းမှောင်သွားရသည်။ ဘာလို့ဘာမှတ်တမ်းမှ မရှိရတာလဲ..။ ဦးဝင်းမောင်တို့ သတိထားမိသွား တာလား..။ မဖြစ်နိုင်တာ သေချာစီစဉ်ထားတာဘဲ...။

လေပြေ လက်သီးကို တင်းတင်းဆုပ်ထားသည်မှာ လက်သည်းများပင် အသားထဲသို့ စိုက်ဝင်နေပြီ ဖြစ်သည်။

"ဘာက လွဲသွားရတာလဲ တောက်...!!.."

စားပွဲပေါ်တွင် တင်ထားသော နှင်းဆီဖြူဖြူများဖြင့် ပန်းအိုးလှလှလေးကတော့ လေပြေ ၏ ဒေါသ တကြီး အပြုအမူကြောင့် ကြမ်းပြင်ပေါ်သို့ ကျကွဲသွားရသည်။

"ခလွမ်း..!!.."

အခန်းပြင်မှ ဒေါ်ပယင်း၏ ခြေလှမ်းများ တန့်သွားရသည်။ ဒေါ်ပယင်း အခန်းတံခါးအား အလော တကြီး ခေါက်လိုက်သည်။

"ဒေါက်..ဒေါက်..!!!...သမီး..သမီး...တစ်ခုခုဖြစ်လို့လား ထိခိုက်မိသွားသေးလား..."

ဒေါ်ပယင်း ၏ စိုးရိမ်တကြီး ဖြစ်နေသောအသံသည် လေပြေ အတွက် စိတ်ညစ်ညူးစေသည်။

လေပြေ ခေါင်းမှဆံပင်များကို ထိုးဖွကာ အခန်းတံခါးဆီသို့ အေးစက်နေသော မျက်ဝန်းများဖြင့် ကြည့် လိုက်သည်။ လေပြေ အခန်းတံခါးအား ဖွင့်လိုက်ကာ ဒေါ်ပယင်းအား မေးလိုက်သည်။

Second Chance(System) [Completed]Where stories live. Discover now