Arc-5.3

22.5K 2.5K 189
                                    

(Zawgyi)

Arc-5.3

"ဦးရီးတော် မင်းကိုလာခေါ်တာ..နာကျင်မှုတွေ အဆုံးသတ်သွားပါပြီ..."

ဝသန် ပုခုံးမှနာကျင်မှုအားလျစ်လျူရှုကာ အနောက်မှဆိုင်တာဝန်ခံအား လှမ်းပြောလိုက်သည်။

"ငါသူ့ကို ဝယ်ချင်တယ်..."

ဝသန် ၏ ပြတ်သားသော စကားသံကြောင့် အဖြစ်အပျက်များအား အံ့သြနေသော ဆိုင်တာဝန်ခံ အသိပြန်ဝင်လာရသည်။

"ကောင်းပါပြီ သခင်လေး ရွှေစတစ်ရာပါ..."

ဝသန် မျက်ခုံးများ ပင့်သွားရသည်..။ ရွှေစတစ်ရာ ဒီလူတွေ အတော်လောဘကြီးတာဘဲ။ ပုံမှန် ထက်လွန်စွာ ဈေးတင်ထားမှန်း သိသာလှသည်။ ဝသန် ပြသနာရှာချင်သော်လည်း ဖြူလျော့ကာ ပင်ပန်း နေပုံရသော ကလေးလေးကြောင့် ကိစ္စအမြန်ဖျက်ရန် လုပ်လိုက်သည်။

"ကောင်းပြီလေ...ဒီမှာ..."

ဝသန် ရွှေစတစ်ရာထည့်ထာသော အထုပ်လေးအား ပြစ်ပေးလိုက်ကာ ကလေးလေးအား ကောက် ချီကာ ထွက်လာလိုက်သည်။ ကလေးလေး အနားယူရန် နေရာရှာရမည်လေ။

ရိုင်ယန် မိမိအား ချီကာ သွားနေသော ထိုသူမျက်နှာအား သေချာစွာ ကြည့်နေမိသည်။ မိမိအား တစ်ကိုယ်ကောင်းဆန်စွာ စွန့်ပြစ်သွားသော ထိုသူအား ယုံကြည်နေသော မိမိကိုယ်ကို နားမလည်တော့။ သေချာသည်က ထိုသူ၏ မျက်ဝန်းနက်နက်များက ထူးဆန်းစွာပင် မိမိအား စိတ်အေးစေသည်။

ရိုင်ယန် တင်းထားသော စိတ်များအား လျော့ကာ ထိုသူ၏ ပုခုံးပေါ်တွင် မျက်နှာအပ်ရင်း ရှိန်းမြမြ လက်ဖက်စိမ်းရနံ့လေးအား ရှူရှိုက်ရင်း နှစ်ခြိုက်စွာ အိပ်ပျော်သွားလေသည်။

ဝသန် မိမိပုခုံးတွင် မျက်နှာအပ်ကာ အိပ်ပျော်သွားသော ကလေးပေါက်စလေးကြောင့် နှုတ်ခမ်း စွန်းများ တွန့်တက်သွားရသည်။ ကလေးလေး မိမိအပေါ်ယုံကြည်ခြင်း၏ လက္ခဏာလေ...။ ဘဝပေါင်း များစွာ ခင်ဗျားက ကျွန်တော့်ကို ကလေးလေးလို စောင့်ရှောက်ပေးခဲ့တာ.. ဒီတစ်ခါတော့ ကျွန်တော်

ခင်ဗျားကို စောင့်ရှောက်ပေးမယ်...။

ဝသန် မနက်က သတင်းစုံစမ်းခဲ့သော စားသောက်ဆိုင်သို့သာ ဦးတည်လိုက်သည်။ ထိုဆိုင်သည် ပိုက်ဆံမျက်နှာသာ ကြည့်သောကြောင့် ဖမ်းဝရမ်းအား စိတ်ပူရန်မလိုပေ..။ ဝသန် ဆိုင်သို့ ရောက်သည် နှင့် အခန်းတစ်ခန်းယူကာ ပေါက်စလေး အနားယူနိုင်စေရန် စီစဉ်ပေးလိုက်သည်။

Second Chance(System) [Completed]Where stories live. Discover now