Arc-2.5

29.1K 3K 54
                                    

(Zawgyi)

Arc-2.5

ယနေ့ Jole..Sum..Corn..Rain..Black.. ၅ယောက်လုံး မျက်နှာမသာမယာ ဖြစ်နေကြသည်။ အကြောင်းမှာ ၎င်းတို့၏ Bro-con လေး မျက်နှာညိုးနေသောကြောင့် ဖြစ်သည်။

ထိုအကျိုးဆက်အား ခံစားကြရသူများမှာ သူတို့တပ်ဖွဲ့ခွဲမှ အဖွဲ့သားများသာ ဖြစ်သည်။ ပြင်းထန် ကာ ညှာတာမှုမဲ့သော လေ့ကျင့်ခန်းများကြောင့် သေချင်မိသည်အထိ ပင်ပန်းမှုကို ခံစားနေကြရသည်။ ထိုပြသနာများ၏ အရင်းမြစ်ဖြစ်သူ Jackမှာတော့ ပန်းပုရုပ်ကဲ့သို့ ငြိမ်သက်စွာ စဉ်းစားခန်းဝင်နေလေ သည်။

သူ...များလား မဟုတ်လောက်ပါဘူး။ ဒါပေမယ့် ဟုတ်နေရင်ရော..။ အခေါ်အဝေါ်တူနေယုံလေးဘဲ ကို...။ ဒါပေမယ့် အဲ့သူကိုမြင်တိုင်း တစ်မျိုးကြီးခံစားရတယ်။ အထူးသဖြင့် အဲ့လူကြီးရဲ့ မျက်ဝန်းအကြည့် တွေ... စူးစူးရှရှ အညိုရောင်မျက်ဝန်းတွေ..။

ထူးထူး အလိုက်တသိပင် တိတ်တိတ်လေး နေနေပေးလိုက်သည်။ Host ကို တစ်ယောက်ထဲ အချိန် ပေးတာ အကောင်းဆုံးဘဲမလား...။

"ထူးထူးလေး... သူလို့ထင်လားဟင်...."

မိမိအား မေးလာသော Host ကြောင့် ထူးထူးလေး အလိုက်သင့် ပြန်ဖြေလိုက်သည်။

[ထူးထူးလဲ မသိပါဘူး....Host...]

"ငါ့လိုလူက အမြဲကံဆိုးနေတာ သူမဖြစ်နိုင်ပါဘူး...။ ဟား...ဟား... ဟုတ်တယ် ငါအတွေးလွန်နေ တာ..."

ကိုယ့်ကိုယ်ကို သတိပေးကာပြောနေရင်း စီးကျလာသော မျက်ရည်များကို ဝသန် မသုတ်မိပါ။ ဒီနေ့ တစ်ရက်တော့ ငိုပါရစေ...။

ထူးထူးလေး သက်ပြင်းသာချမိသည်။ ထူးထူးလေးလည်း တကယ်ကို မသိတော့ခြင်းဖြစ်သည်။

နောက်တစ်နေ့မနက်.....

ဝသန် စောစောထ၍ မနက်စာပြင်နေခြင်းဖြစ်သည်။ ဝသန် သိပါသည် အစ်ကို ၅ ယောက်လုံးက ကျွန်တော့်အပေါ် ညီအရင်းလေးတစ်ယောက်လို ချစ်ကြမှန်း...။ မိမိမျက်နှာမကောင်းတာနဲ့ သူတို့မှာ အရိပ်တကြည့်ကြည့်...။ တကယ်လည်း ရီရတဲ့ အစ်ကိုတွေ..။ အခုလည်း ဝသန် သူတို့အတွက် မနက်စာ ထပြင်ပေးနေခြင်း ဖြစ်သည်။ သူတို့က အစားသမားတွေလေ..။

Second Chance(System) [Completed]Where stories live. Discover now